အခေါင်းကြီးထဲမှာ မင်္ဂလာဆောင်မယ်
[ဝတ္ထုတို]
(ပထမပိုင်း)ညှီစို့စို့သွေးနံ့တွေဟာ ဆန်းလရဲ့နှာဝသို့ အလုံးအရင်းဖြင့်တိုးဝင်နေသည်။
အမှောင်အတိ ကျနေတာကြောင့် မည်သည့်အခြင်းအရာကိုမှ မမြင်မတွေ့ရပေမယ့် အခုလေးတင်သတိပြန်ရလာသည့် ဆန်းလအတွက်တော့ ကြောက်မက်ဖွယ်ရာအချိန်အခိုက်တန့်ဖြစ်နေခဲ့သည်။လက်တွင်တုပ်နှောင်ထားသောသံကြိုးများအား အတင်းရုန်းကန်မိလေတော့ အသံတွေဆူညံပြီးထွက်ပေါ်လာသည်။
* ကျွီ...
အသံလာရာဆီကို ဆန်းလမော့ကြည့်လိုက်လေတော့ အနက်ရောင်ဆံနွယ်ရှည်တွေအားဖြန့်ချထားကာ မျက်လုံးနှစ်လုံးမှာဆိုရင်ဖြင့် ရဲရဲတောက်နီမြန်းနေသည်။
အခုမှပဲ ဆန်းလ,သဘောပေါက်တော့သည်။
ဆန်းလ အခုရောက်ရှိနေတာ အံဝှက်တံခါးရဲ့အောက်ခြေနေရာတွင်ဖြစ်သည်။*ဝုန်း!!
အပေါ်ကနေ ခုန်ချလာသည်မှာ လူဟုတ်ဟန်မတူ။
ရှည်လျားသောအရပ်ကြီးမှာ ခန့်မှန်းချေ ၆ပေခွဲခန့်ရှိလောက်မည်ဖြစ်ပြီး မျက်နှာတစ်ခုလုံးဖြူဖျော့နေသည်။ဆန်းလမှာ ဖင်တရွတ်တိုက် နောက်ကိုဆုတ်နေခဲ့ပေမယ့် ထိုမကောင်းဆိုးဝါးမှာလည်း ရှေ့ကိုဖြေးဖြေးချင်းတိုးလာနေသည်။
နောက်ဆုတ်စရာနေရာမရှိတော့တဲ့အချိန်မှာတော့ ဆန်းလဟာ သူ့ရဲ့ပစ်မှတ်သားကောင် အဖြစ်သို့ လုံးဝရောက်ရှိသွားခဲ့လေပြီ။
ရဲရဲတောက်နီနေသော မျက်လုံးအစုံဟာ ပြုံးယောင်သမ်းနေပြီး ရှည်လျားသောလက်တစ်ဖက်ဖြင့် ဆန်းလ၏ထိုင်နေသော ခန္ဓာကိုယ်ကို ဆွဲမ,သည်။
" မလုပ်ပါနဲ့ တောင်းပန်ပါတယ် လွှတ်ပေးပါနော် "
ထိုမကောင်းဆိုးဝါးဟာအနီးကပ်ကြည့်မိမှ လူနဲ့အတော်လေးတူသည်။
အိုမင်းရင့်ရော်ခြင်းမရှိတဲ့ပုံစံကြောင့် အသက်အရွယ်အားဖြင့် (၃၀)ဝန်းကျင်လောက်သာ ရှိနိုင်မည်။" နောက်ဆုံးတော့ မင်းကို ကိုယ့်အနားခေါ်ထားနိုင်ခဲ့ပြီ "
" ဟင်..! "