Ep(18)

191 33 8
                                    

''သမီးဘာလို့ခုလိုတွေလုပ်နေတာလဲ

အခန်းထဲကမထွက်ပဲ ငိုလိုက်၊မှိုင်လိုက်နဲ့သာအချိန်တွေကုန်ဆုံးနေသောကျမအား မေမေသည်မေးခွန်းထုတ်လာ၏။ သူ့အခြေအနေကိုမည်သို့မျှမသိရပဲ ကျမအဖို့အဘယ်မှာစားဝင်အိပ်ပျော်နိုင်ပါ့အံ့နည်း။

''ကိုယ့်ပုံစံလည်းကိုယ်ပြန်ကြည့်ပါအုံး လူမမာရုပ်ပေါက်နေပြီသိရဲ့လား

သမီးမသိချင်ဘူးမေမေ။ သမီးသိချင်တာဆိုလို့ သူ့အကြောင်းတစ်စွန်းတစ်စကိုပါပဲ။

''ဘယ်အချိန်ထိဒီလိုလုပ်နေမှာလဲ တစ်နေ့တစ်နေ့မိဘတွေကိုစိတ်ဆင်းရဲအောင်လုပ်နေတာလား

ကျမ၏ကိုယ်အားလှုပ်ယမ်းကာ မေမေသည်ပြောဆိုလာ၏။

''သမီးသူ့အကြောင်းသိချင်တယ်မေမေ

မေမေ့လက်တွေသည်ပြန်ရုတ်သွား၏။ ခဏအကြာ

''မေမေဖုန်းဆက်ကြည့်တာလည်းမရဘူး အခြားနည်းလမ်းတစ်ခုခုကိုစဥ်းစားကြည့်ပါအုံးလား

မောင့်ထံရောက်ဖို့၊မောင့်အခြေအနေကိုသိရဖို့ ဘယ်သူ့ကိုရှာပြီးဆက်သွယ်ရမလဲ။ ရုတ်တရက်တွေးမိသူပေါ်လာသည်မို့ ရုတ်ချည်းထရပ်လိုက်မိသည်။

''သူ့သူငယ်ချင်းတော့သိလောက်မှာ သမီးသူ့သူငယ်ချင်းဆီသွားရမယ်

မေမေကကျမလက်အားလှမ်းဆွဲထား၏။

''နေအုံးသမီး မေမေပါလိုက်မယ် သမီးတစ်ယောက်ထဲစိတ်မချဘူး

ထိုသို့ဖြင့်ဂျီဆူးနောက်သို့ မေမေပါလိုက်ပါလာခဲ့၏။

.
.
.
.

လီဆာ့အခန်းတံခါးကိုလာခေါက်၍ ဖွင့်ကြည့်လိုက်သည်တွင် အဆောင်မှူးအားတွေ့ရ၏။

''ဧည့်သည်လာတွေ့တယ်

''ဘယ်သူတွေလဲ လာတွေ့မယ်လို့ပြောထားတာမရှိပါဘူး

''အဲ့ဒါတော့မသိဘူး မိန်းမကြီးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ပဲ

''ဟုတ် ကျေးဇူးပါနော်

လီဆာပြော၍ထွက်လာခဲ့လိုက်၏။ ဘယ်သူတွေများပါလိမ့်။

ထိုင်ခုံတန်းများတွင်ထိုင်စောင့်နေသောလူများကြား လီဆာချယ့်မိန်းကလေးကိုရှာတွေ့ခဲ့၏။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now