Ep(9)

229 31 4
                                    

''မမကအဲ့လိုပြောခဲ့တာလား

ကိုကိုကရယ်မြဲရယ်နေ၏။

''တစ်ကယ်ပါပဲ ကိုကိုကြိုက်နေတဲ့ကောင်မလေးကို ဘယ်လိုတွေချုပ်ပြီးရအောင်လုပ်လိုက်တာလဲ

တစ်ကယ်ပြောပြလိုက်တာပဲ။

''ကိုကိုကလည်း

''ကဲ ပြော ကိုကို့ကိုဘာလို့အမှန်တိုင်းမပြောခဲ့တာလဲ သူသာမပြောရင်ညီမလေးဘယ်အချိန်ထိဖုံးထားမလို့လဲ

''ကိုကိုစိတ်ဆိုးသွားမှာစိုးလို့ မေမေတို့ကိုပြန်တိုင်မှာလည်းစိုးလို့ရယ်

မျက်နှာငယ်လေးနဲ့ချယ်ပြောမိ၏။ ကိုကိုသာသွားတိုင်လိုက်ရင် ချယ်မမနဲ့ဝေးရလောက်ပြီ။

''မဟုတ်တာကွာ ကိုကိုငါ့ညီမလေးကိုဘယ်လောက်ချစ်လဲဆိုတာတောင်မသိဘူးလား
ငယ်ငယ်ထဲကဘယ်လောက်ထိအလိုလိုက်ခဲ့တာလဲကိုရောမေ့သွားတာလား

ဟုတ်သည်။ ချယ်ငယ်ငယ်တုန်းက ဘာမှမသိပဲကိုကို့လက်ကိုဓားနဲ့ခြစ်ခဲ့ဖူးသည်။ ဒါကို ကိုကိုကငြိမ်ခံပေးခဲ့သည်တဲ့။ဖေဖေတို့ပြန်ပြောပြ၍ချယ်သိရသည်။

''ဟုတ်ပေမယ့်မတူဘူးလေကိုကိုရာ ဒါမျိုးကိုနားလည်ပေးဖို့ဆိုတာက

''ဘာမှလျှောက်တွေးမနေနဲ့ တစ်ခုခုဖြစ်လာရင်ညီမလေးဘက်မှာကိုကိုရှိတယ်ဟုတ်လား

ကိုကိုကထိုသို့ဆို၏။ ချယ့်အတွက်တော့ တစ်ကယ်အားတက်စရာပါပဲ။

''တစ်ကယ်နော်ကိုကို

''ကိုကိုညာမပြောတတ်တာသိတယ်မလား စိတ်ချ
မေမေတို့ကကန့်ကွက်ခဲ့ရင်တောင် ကိုကိုညီမလေးကိုကာကွယ်ပေးမယ်

ကိုကို့ရင်ခွင်ထဲချယ်ဝင်မိ၏။ ချယ့်မှာကိုကို့လိုအကိုမျိုးရှိနေတာ တစ်ကယ့်ကိုကံကောင်းခြင်းမျိုးပါပဲ။

''ကိုကိုဝမ်းမနည်းဘူးလားဟင် ကိုကိုကြိုက်နေတာမမကိုမလား

''နည်းနည်းတော့ဖြစ်မိတာပေါ့ ဒါပေမယ့်ကိုကိုအချစ်ဆုံးက ညီမလေးဖြစ်နေတာလေ

''ကျေးဇူးကိုကို

ကိုကို့ကိုမော့ကြည့်ပြီးပြောလိုက်တဲ့ချယ့်အား ကိုကိုကတော့ချစ်မြတ်နိုးသည့်အကြည့်တွေဖြင့်သာ ငုံ့ကြည့်၍ပြုံးပြနေခဲ့ပါသည်။

''ပိုးသားလို...အချစ်''(completed)Où les histoires vivent. Découvrez maintenant