I saw you for the first time on a rainy day

57 10 0
                                    

August 13, 2024...

အဲ့နေ့က မိုးတွေက သည်းသည်းထန်ထန်ကို ရွာနေခဲ့တယ်...
ကျောင်းဆင်းချိန်မှာမှ ကွက်တိကိုက်ပြီးတော့ ရွာချလာတဲ့မိုးက ကျွန်မအတွက်တော့ တကယ့်ကို ကံဆိုးမိုးမှောင်ကျမှု အကြီးစားပေါ့...

ကြည့်ရတာ ထီးယူလာခဲ့ဖို့မေ့တာ ကျွန်မတစ်ယောက်တည်း ဖြစ်နေပုံပဲ...။ အဲ့တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ...။ မိုးကလည်း တော်ရုံတန်ရုံနဲ့ တိတ်သွားမဲ့ပုံ မပေါ်ဘူး...။ကံကြမ္မာက ကျွန်မကို မျက်နှာသာ မပေးတာကြောင့် ကျွန်မနည်းနဲ့ ကျွန်မဟန်ပဲ ကြည့်ပြီးတော့ လုပ်ရတော့မဲ့ပုံပဲ...။

မတတ်သာတဲ့အဆုံး လွယ်အိတ်ကို ခေါင်းပေါ်မှာတင်ပြီးတော့ မိုးရွာကို ပြေးသွားဖို့အတွက် ပြင်လိုက်တဲ့ အချိန်မှာ ...

ကျွန်မရဲ့ မြင်ကွင်းထဲမှာ မရင်းနှီးတဲ့ လက်တစ်စုံကနေပြီးတော့ အဝါရောင် ခေါက်ထီးလေး တစ်ချောင်းအား ကမ်းပေးလာတာကို တွေ့လိုက်ရတယ်။

ဘာပါလိမ့်...
ကျွန်မများ အမြင်မှားတာများလား ဆိုပြီးတော့ ကျွန်မရဲ့ မြင်ကွင်းတွေကို ဖြည်းဖြည်းချင်း အပေါ်ကို ရွှေ့လိုက်တဲ့အခါမှာ ထိုလူရဲ့ Bambi Eyes လေးတွေနဲ့ ရုတ်တရက် အကြည့်ချင်း ဆုံသွားခဲ့တယ်။

အဲ့အချိန်မှာ ကျွန်မ ပထမဆုံး တွေးမိလိုက်တာက ထိုမျက်ဝန်းတွေ သိပ်လှတယ် ဆိုတာကိုပင်...။ ပြီးတော့ ကျွန်မဆီကို ဦးတည်နေတဲ့ ထိုလူရဲ့ အပြုံး‌လေးကလည်း တောက်ပနေတယ်ဆိုတာကို ကျွန်မ အသိအမှတ်ပြုမိတယ်...။

ထို့နောက် သူ့ရဲ့ hoodie လေးကို ခေါင်းမှာ ချုံပြီးတော့ ကျွန်မရဲ့ မြင်ကွင်းရှေ့ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ ထိုကျောပြင်ငယ်လေး...

ကျွန်မ တစ်ယောက်တည်း အတွေးတွေလွန်နေပုံရတယ်...
ကျေးဇူးတင်စကားတောင် မပြောရသေးဘူး...ထိုလူသားက ကျွန်မ မြင်ကွင်းရှေ့က ပျောက်ကွယ်သွားခဲ့ပြီ...

ဒါက သူနဲ့ကျွန်မရဲ့ ပထမဆုံး တွေ့ဆုံခြင်းလေးပေါ့...
မိုးနဲ့အတူ ကျွန်မဘဝထဲကို ဝင်ရောက်လာခဲ့တဲ့သူဟာ ကျွန်မရဲ့ရင်ထဲကိုတော့ ‌နွေးထွေးပြီးတော့ သာယာတဲ့ နွေဦးရဲ့ သံစဉ်လေးတွေ ဖြစ်ပေါ်စေခဲ့လိမ့်မယ်လို့တော့ ဘယ်သူကထင်ခဲ့မိမှာလဲ...။ ပျော်မြူးစွာ ခုန်ပေါက်နေတဲ့ ကျွန်မရဲ့ ရင်ဘက်ထဲက အကောင်လေးကိုတော့ မသိချင်ယောင်ဆောင်ရင်း သူပေးခဲ့တဲ့ ထီးအဝါလေးကို ဆောင်းရင်း အိမ်ပြန်လမ်းဆီသို့သာ ဦးတည်ခဲ့တယ်...

August Where stories live. Discover now