မီးရောင်အောက်မှာ ပြုံးပြုံးလေးပြောနေတဲ့ ထယ်ယောင်းရဲ့ပါးမို့မို့တွေကို ဂျောင်ဂုမှာ  မြတ်နိုးစွာဖြင့် ဖွဖွလေး ပွတ်ဆွဲမိသည်။
ကျွန်တော်တို့က Pheromones တွေကို လဲလှယ်ပြီး စိတ်ဝိဉာဉ်တွေအထိ ထပ်တူကျခဲ့ပြီးပြီမို့ ကျွန်တော့်မှာ နာကျင်စရာရှိရင် ထယ်ယောင်းထံမှာလည်း ထပ်တူထပ်မျှသက်ရောက်သည်။ဒါကြောင့်လည်း ထယ်ယောင်းက ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့အနား၌ ရှိနေပေးခဲ့တာဖြစ်၏။
ဝိုင်ရနံ့တွေနဲ့လွှမ်းခြုံပေးထားရုံသာမက စကားလုံးတွေနဲ့ပဲ အားပေးနှစ်သိမ့်နေသည့် ချစ်သူ....
အခြားကမ္ဘာမှာ စန္ဒာလမင်းက ဘယ်လောက်လှမှန်း ကျွန်တော်မသိဘူး။ကျွန်တော့် ကမ္ဘာငယ်မှာတော့ ဒီငွေသော်တာလေးက ရှုမငြီးနိုင်အောင် လှသည်။

"ငါ့မှာ မင်းရှိနေလို့ပဲ တော်ပါသေးတယ် ထယ်ယောင်းရယ်.....အသက်ရှင်နေရတဲ့ အကြောင်းရင်းကို ပြောပါလို့ ငါ့ကိုတစ်စုံတစ်ယောက်ကများ မေးခဲ့ရင် မင်းလို့ပဲ ငါဖြေမိမယ်....ငါ့ဘက်က အမှားတွေများခဲ့တာတောင် တာဝန်တွေမဲ့ခဲ့တာတောင် မင်းကတော့ ဒီလိုမျိုး ခွင့်လွှတ်ပေးခဲ့လို့ ကျေးဇူးလည်းတင်မိတယ်..."

မိမိပါးကို ဖွဖွပွတ်သပ်ကာထိတွေ့နေတဲ့ ဂျောင်ဂုလက်ကို ထယ်ယောင်း ဆုပ်ကိုင်လိုက်ရင်း လက်ဖမိုးထက် ခပ်ဖွဖွအနမ်းတစ်ခုကိုပါ ပေးလိုက်သည်။

"မင်းရောငါပါ  ဘယ်သူမှ မမှားခဲ့ကြပါဘူး....အတ္တကြီးတဲ့ လူတွေကြားမှာ ငါတို့က တည်ရှိနေခဲ့လို့ မလိုလားတဲ့ ပြဿနာတွေဖြစ်ခဲ့ရုံပါ.....မခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး....ငါတို့ လုံလုံလောက်လောက် ပင်ပန်းခဲ့ပြီးပြီ....ပျော်ရွှင်နေဖို့ပဲ လိုအပ်တော့တာပါ....."

ထယ်ယောင်းစကားအဆုံး ဂျောင်ဂု ပါးပေါ်မျက်ရည်တို့ ပြိုကျလာသည်။

"ငါ့ကို နည်းနည်းတောင် စိတ်မပျက်ဘူးလား....ငါက ဒီလိုမျိုးရိုးမှာမွေးဖွားလာပြီး မင်းကို ချစ်ကြိုက်မိလို့ မင်း အများကြီး စိတ်ဆင်းရဲခဲ့ရတာတောင်မှလေ...."

ထယ်ယောင်းက ကျွန်တော့်မေးခွန်းကို အရင်မ‌ဖြေ။ပါးပေါ်က မျက်ရည်အချို့ကို အရင်ဖယ်ရှားပေးလာသည်။ပြီးမှ...

The Alpha Zone (Completed)Where stories live. Discover now