ဂျီမင်က ထယ်ယောင်းထွက်သွားသည်ကိုကြည့်လို့
ပြောလိုက်တော့ ယွန်းဂီကဂျီမင်ရဲ့ခေါင်းလေးကို
ခပ်ဖွဖွထုလိုက်ပြီး ပြောတော့သည်။

" မင်ဂျီမင်...ထယ်ယောင်းနေရာကို မင်းကိုယ်တိုင်ဝင်မခံစားပေးနိုင်ပဲ မပြောနဲ့၊သူ့အကြောင်းကို
ကိုယ့်တို့အားလုံးအသိဆုံးပဲ... "

" မင်ယွန်းဂီ မင်းအချိုးပြင်နော်၊ငါ့ကိုတစ်ခြားသူရှေ့လာမအော်နဲ့၊ကန်ထည့်လိုက်မှာ! "

ဂျီမင်က သူ့ကိုလူရှေ့သူရှေ့အော်ရင်မကြိုက်ဘူး။
သူကပဲအော်မည်။ကြိုက်သလိုဆိုးမည်။ယွန်းဂီက
သေးသေးလေးအော်လိုက်တာနဲ့ လမ်းခွဲမည်ဆိုတာ
ပြောသည်။မင်ယွန်းဂီတောင်မနိုင်လို့ လွှတ်ထားရတာဖြစ်သည်။

" ဟာဗျာ...ဥက္ကဌမင်ကလည်းတိုးတိုးမနေဘူး၊
ဆရာ့အပိုင်နိုးရင် ကျွန်တော်သတ်ခံရမှာလို့ "

ယောင်းဝူကရန်ဖြစ်ကျီစယ်နေသည့် ယွန်းဂီနဲ့ဂျီမင်ကိုပြောသည်။ဟိုနှစ်ယောက်က ယောင်းဝူပြောမှ
ပိုလို့ကိုအသံထွက်ပြနေသေးသည်။ထွက်ပြပေမဲ့
ဆရာ့ထက်ပိုဆိုးနေသည်က ဥက္ကဌမင်ဖြစ်သည်။
ချစ်သူ့ကိုသိပ်ကြောက်ရသောပဲ။

" ဥက္ကဌနဲ့ဥက္ကဌကတော်ဂျီဂျီကလည်း အရမ်းရန်
ဖြစ်တာပဲ၊ချစ်တဲ့နေ့ရောရှိကြရဲ့လား "

" မရှိပါဘူးနော်၊မရှိအောင်ပဲ သူကတအားလုပ်တာ၊
ပုဇွန်အခွံခွာတော့လည်း အချိုးမပြေဘူး၊စိတ်မရှည်ရတာနဲ့လေ၊ဟူး...ဂျေးကများသေးတယ် "

" အဲ့ဒါမင်ဂျီမင်မဟုတ်ဘူးလား၊BBQလည်းစားသေးတယ်၊ပုဇွန်လည်းအခွံခွာခိုင်းသေးတာလေ၊
လွန်တယ်လို့မထင်ဘူးလား၊ဒါတောင်ပုဇွန်ဗန်းနဲ့
ကောက်ပေါက်ခံရသေးတယ်၊ခွာပေးပြန်တော့
စိတ်ကမရှည်ဘူး... "

ယွန်းဂီနဲ့ဂျီမင်က ရန်တွေ့နေတာမျိုးမဟုတ်ဘဲ
အသံကျယ်ကျယ်စကားပြောရင်း စနောက်နေသလိုဖြစ်သည်။ယောင်းဝူကတော့ကြားကနေ
အတွဲတွေကိုမပြောရဲဘူး။မပြောလို့လည်းမဖြစ်ဘူး။ဆရာ့အပိုင်ကခုနကမှအသိစိတ်ပြန်ဝင်သွားလို့ အိပ်ပျော်နေတာဖြစ်သည်။

သူတို့နှစ်ယောက်စကားများရင်း နှိုးသွားမှာဆိုးလို့
အသံခပ်အေးအေးဖြင့် ဝင်တားရသည်။နိုးသွားရင်
သူမလွယ်ဘူး။မျက်နှာကိုချည်း လက်သီးနဲ့ထိုးခံရ
မှာဖြစ်သည်။ကိုယ်ဆရာ့အကြောင်းကိုယ်ပဲသိ၏။

Between The Hate [ Completed ]Where stories live. Discover now