" ဟား... ဟုတ်ပါပြီကွာ၊ မောင့်အမှားပါ.. မောင် နောက်တစ်ခါဆို ... "

" ဘာမှ နောက်မတစ်ခါဘူး... "

" ဟက်..! မောင်တို့က အခုချိန်မှာ လင်ခင်ပွန်းတွေဖြစ်နေပြီနော်... "

" အမေ..အမေတို့ ဘယ်တုန်းက ရောက်လာတာလဲ "

ကျွန်တော် ပင်ပန်းပြီးအိပ်ရာကနိုးတော့ အမေတို့ကရောက်နေပြီဖြစ်သည်။ အမေတို့ရောက်နေပြီဆိုတဲ့အသိနဲ့ ထထိုင်ဖို့ကြိုးစားပေမဲ့ တစ်ကိုယ်လုံးမှာခါးနေရာက အရိုးထဲထိအောင် အောင့်တက်သွားမို့ ထိုင်ပင်မထိုင်နိုင်ဘဲ အိပ်ရာပေါ်ပြန်လှဲရသည်။ အချိန်ကွက်တိပင် အခန်းထဲကိုဝင်လာတဲ့တေလွန်းက ကျွန်တော့်ကိုအေးဆေးအနားယူဖို့ပြောပြီး သူကြိုပြီးဝယ်ထားတယ်လို့ပြောတဲ့အကိုက်အခဲပျောက်ဆေးတစ်လုံးကိုသောက်ခိုင်းသည်။ ထို့နောက် ကျွန်တော်လည်း ဆေးအရှိန်နဲ့ပြန်ပြီးအိပ်ပျော်သွားသည်။

" ပြီးတော့ အမေတို့ ငါ့ကို ဘာပြောသွားသေးလဲ "

" ဘာမှမပြောဘူး... မင်း နေ့လည်ကရေချိုးတာ အပူရှပ်ပြီးဖျားသွားတယ်လို့ငါပြောလိုက်တယ်...၊ အရီးလေးက အခန်းထဲဝင်ဖို့လုပ်နေသေးတယ်... ဦးကြီးသာငြိမ်းက တားလို့သာပေါ့... "

" ဟင်.. အဘက ဘာလို့တားတာလဲ "

" ဟား.... အရီးလေးက မင်းအမေဆိုပေမဲ့ မိန်းမသားလေကွာ...၊ မင်းရဲ့အခုလိုပုံစံကိုမြင်ပြီး အရီးလေးရှက်ပြီးသွေးတက်သွားမှာပေါ့ "

ကျုပ်ရဲ့ဆင်ပေါက်လေးက တကယ့်ကိုရိုးအလွန်းတာပဲ။ ကျုပ်ကြောင့် သူ့တစ်ကိုယ်လုံးမှာအမှတ်တွေရှိနေတာကို... အဲ့တာတွေကိုမြင်တာနဲ့ ဘယ်သူမဆို ဘာမှန်းတန်းသိတယ်လေ... ကျုပ်ရှေ့က အူတူတူဆင်ပေါက်ကိုယ်တိုင်ကလွဲလို့ပေါ့။

ဆင်ပေါက်က ဘာမှမပြောတော့ဘဲ တစ်ခုခုကိုအသည်းအသန်စဥ်းစားနေတော့ ကျုပ်လည်း ဆင်ပေါက်ရဲ့နဖူးကို မနာအောင် ခပ်ဖွဖွလေးတောက်လိုက်တယ်။

" အရမ်းကြီး စဥ်းစားမနေနဲ့... '

" ဟမ်... မင်းက ငါ ဘာတွေးနေတာလဲဆိုတာ သိလို့လား "

" ဟား.... တေလွန်းပါကွ၊ ကျန်တာမသိရင်တောင် ဆင်ပေါက်ဆိုတဲ့မင်းအကြောင်းကို အခြားသူတွေထက် မောင်က ပိုသိတယ် "

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now