"ပါပါးက ပါပါး မိန်းမ ဝယ်ပေးတယ်လေ အဲဒီတုန်းက မေမေဝယ်တာ အများကြီးပဲကို"

"မေရေ ဒီကောင်တွေ မွေးရကျိုးမနပ်ဘူးကွာ ဟားဟားဟား"

"လာ လာထိုင်ကြ"

သားသုံးယောက်ကို ကြည့်မဝဖြစ်ပြီး အပြုံးတွေမစဲနိုင်တဲ့ အန်တီမေနဲ့ အန်ကယ်လ်ဦးနေလင်းတို့ကို ကြည့်ပြီး ကျွန်တော်လည်း ပျော်ရပါတယ်။ ညီ့ကတော့ သူ့နေရာပြန်ရသွားပြီဆိုတာနဲ့ ဗိုလ်ပြန်ဖြစ်သွားတော့တာပဲ။ သူပြောနေကျလို ကျွန်တော်က ဘယ်သူမို့လို့လဲ နေအလင်းစက်လေ ဆိုတာမျိုး တကယ်လည်း တစ်အိမ်လုံးရဲ့ ဖူးဖူးမှုတ်ခံနေရာကို ပြန်ပြီးတန်းရသွားတော့တာ။ အဖေရောအမေတင်မက အငယ်နှစ်ယောက်ကပါ သည်းသည်းလှုပ်နေရတဲ့ သားအကြီးဆုံးလေးလေ။ တကယ်တမ်းတော့ ဒါ ညီ့နေရာအစစ်အမှန်ပါပဲလေ။ ဒီကလေးက ဒီလောက်အထိ အချစ်ခံရဖို့ ထိုက်တန်ပါတယ်။

ပြောသာပြောတာပါ ကျွန်တော်တို့အိမ်မှာလည်း ညီက အချစ်ခံကလေးပါ။ ပန်းလေးက သူ့ကိုဆို တုန်နေအောင်ချစ်ပြီး မေမေဆိုတာကလည်း လာရင်သာ ဆူပူနေတာ မမြင်ရရင်လည်း သူ့မှာ စိတ်တပူပူ။ ညီက တအားချွဲတတ်တော့ အန်တီကလည်းဆိုတာနဲ့ မရရင် ယောက္ခမကြီးကလည်းဗျာ သမက်လေးတစ်ယောက်တည်းရှိတာကို မချစ်ဘူး ဘာညာနဲ့ မျက်နှာငယ်လေးလုပ်ပြလိုက်ရင် နေစရာမရှိတော့ဘူး ဟိုက။

ကျွန်တော်တို့ ရန်ဖြစ်ပြီး အိမ်မှာလာနေတုန်းကလည်း အငယ်လေးကတစ်ယောက်တည်း သနားပါတယ်၊ သူဘယ်လိုစားမလဲမသိဘူး ထမင်းချိုင့်မှ ပါရဲ့လား သားကြီး နင်က ရက်စက်လိုက်တာ နင့်အတွက်ဆို ရောက်တဲ့နေရာကနေ ပြန်လာတဲ့ကလေးကို အဲဒီလို မလုပ်ပါနဲ့ဆိုပြီး နေ့တိုင်းလာလာ ပြောနေတော့တာ။ ဟိုကမူးပြီး ပြသနာရှာတာတောင် ကိုကို အန်တီက ရိုက်တယ်ဆိုပြီးတိုင်တာကို ပြောပြောပြီး ချစ်လို့မဆုံး။

"မေမေ လင်းခနဲ့လင်းထင်ကို ဘာလို့ ကားမပေးတာလဲ"

"အဲ ... စလာပြီဟေ့ မေ မင်းကိုယ့်ဘာသာ ရှင်းနော် ကိုယ်နဲ့မဆိုင်ဘူး"

"ပါပါးကလည်း ဘာလို့မပြောပေးတာလဲ ဒီနှစ်ကောင် ဒီလောက်အရွယ်ရောက်နေပြီကို သားတုန်းကတောင် လိုင်စင်ရတာနဲ့ တန်းပြီး ကားရတဲ့ဟာ"

Du har nått slutet av publicerade delar.

⏰ Senast uppdaterad: Mar 11 ⏰

Lägg till den här berättelsen i ditt bibliotek för att få aviseringar om nya delar!

မပြိုသောကောင်းကင်၊မကြွေသောကြယ်Där berättelser lever. Upptäck nu