အပိုင်း (၃၆) နေ့ရက်တိုင်းလွမ်းဆွတ်တမ်းတ

Start from the beginning
                                    

လောလောဆယ်တော့ ကျောင်းမတက်ရသေးတာကြောင့် ဘာလို့သူများတွေလို အမေမဟုတ်ပဲ အဖေနှစ်ယောက်ရှိနေတာလဲဟု မမေးကြသေးပေ။

ထိုကလေးနှစ်ယောက်အိပ်သွားတော့မှ ထိန်ယံလင်းကအပြင်ကိုပြန်ထွက်သည်။

သူ့အိပ်ခန်းထဲသူ၀င်ပြီး ဇိုင်းပေးထားသည့်မေပယ်ရွက်လေးကိုကြည့်ကာ မျက်ရည်များကျဆင်းလာပြန်သည်။
သူ့ဘ၀လေးကယခုတည်ငြိမ်သာယာနေသလိုရှိသော်လည်း ဇိုင်းမြတ်မဟာမောင်ကိုတော့တစ်ရက်မှမေ့မရခဲ့ပေ။ သူကိတ်မုန့်လုပ်သည့်ရက်များဆို ညဘက်တစ်ယောက်ထဲ ယခုလိုငိုကြွေးတက်သည်။

သူမုန့်လုပ်သည့်skillမှာအများကြီးတိုးတက်လာသော်လည်း သူကျွေးချင်သည့်မွေးနေ့ရှင်ကမရှိတော့ပေ။ သို့ပေမဲ့ ဇိုင်းအတွက်မွေးနေ့ကိုသူနှစ်စဥ်မပြတ်လုပ်ပေးခဲ့သည်။

အချိန်ကကုသပေးလိမ့်မယ်၊သေသူကြာရင်မေ့ဆိုသည့်စကားများမှာ
ထိန်ယံလင်းအတွက်တော့ဟာသလိုပင်။

တကယ်ချစ်မြတ်နိုးရသည့်လူတစ်ယောက်ကို ဘယ်သူတွေကများလွယ်လွယ်မေ့ဖျောက်ကြသလဲ။ သူ့အတွက်တော့ ဇိုင်းမြတ်မဟာမောင်ကိုမေ့ဖို့ဆိုလျှင်
ခန္ဓာကိုယ်၊စိတ်၊နှလုံး ၃ပါးလုံးသေဆုံးသွားချိန်မှာသာဖြစ်နိုင်လိမ့်မည်။

******

ထိန်ယံလင်း မနက်ခင်းပြန်နိုးလာချိန်တွင် ညကငိုရင်းအိပ်ပျော်သွားတာကြောင့် မျက်လုံးများကကျိန်းစက်နေသည်။
ပြီးနောက် အိပ်ယာထက်မှဖြေးညှင်းစွာထသည်။ ဒီနေ့လည်း ဇိုင်းမြတ်မဟာမောင်ဆိုသည့်ကောင်လေးမရှိပဲ တစ်ရက်တာကိုဖြတ်သန်းရအုံးမှာပင်။

အိပ်ခန်းပြင်ထွက်တော့ ပုံမှန်လာချက်ပြုတ်ပြီး အိမ်ရဲ့ဝေယျာဝစ္စလုပ်ပေးသည့် အန်တီကရောက်ပြီး သူ့အလုပ်သူလုပ်နေပြီဖြစ်သည်။

" ဪ နိုးလာပြီလားကွဲ့ ဒီနေ့ပုံမှန်ထက်နောက်ကျတယ်နော်။
သားလေးနှစ်ယောက်ကိုတော့ မနက်စာကျွေးထားလိုက်ပြီ "

" ဟုတ် ကျေးဇူးပါ။ ကျွန်တော်သူတို့ကိုရေချိုးပေးပြီးရင် သွားစရာရှိလို့
သေချာလေးကြည့်ထားပေးပါအုံးနော်။"

You Are My Happiness Where stories live. Discover now