အပိုင်း (၃၆) နေ့ရက်တိုင်းလွမ်းဆွတ်တမ်းတ

Start from the beginning
                                    

ရှားရှားပါးပါး ယောက်ျားလေးကိုယ်၀န်ဆောင်ဖြစ်တာကြောင့် မွေးဖွားရာတွင် ချွတ်ချော်မှုဖြစ်ပြီး ကလေးတွေမကျန်းမာမာကိုလည်းစိုးရိမ်မိသလို...

ဇိုင်းမြတ်မဟာမောင်၏သွေးသားဖြစ်သော ကလေးလေးအားမွေးဖွားရမည်ဖြစ်၍ အားလည်းတက်မိသည်။ အနည်းဆုံးတော့ ဇိုင်းမြတ်မဟာမောင်မရှိသည့် သူ့ဘ၀ထဲ ထိုကလေးလေးတွေ၀င်ရောက်လာတာကတော်သေးသည်ဟုဆိုနိုင်သည်။

ပြီးနောက် မြန်မာနိုင်ငံကနေတိတ်တဆိတ်ထွက်ခွာခဲ့ပြီး New York မြို့တွင်ကလေးလေးတွေကို ၁၁လပိုင်း၇ရက်နေ့မှာမွေးဖွားခဲ့သည်။သူ့အဖေနဲ့အမေတို့အားလုံး၀အသိမပေးပဲဖုံးထားခဲ့ပြီး ခြံရံလင်းနှင့် စိုင်းခွန်းသန့်နောင်တို့ ဇေရဲတို့သာသိသည်။ သူ့အဖေနဲ့လည်းအဆက်အသွယ်သိပ်မလုပ်ဖြစ်ပေ။  USက လုပ်ငန်းအချို့ကိုသာ မလွှဲသာ၍လုပ်ကူပေးသည်။

သူ့ဘ၀ကို ကလေးနှစ်ယောက်နဲ့အတူ အေးချမ်းစွာသာဖြတ်သန်းသည်။
အကြီးဖြစ်သော ဇိုင်းမြတ်မဟာလင်းက ဇိုင်းမြတ်မဟာမောင်နဲ့တူစွာ ပါးချိုင့်လေးဆင်တူပါရှိသည်။ သို့ပေမဲ့ အကြိုက်တွေကတော့ ထိန်ယံလင်းနဲ့သာတူသည်။ အချိုကြိုက်သည် အထူးသဖြင့်အနောက်တိုင်းအစားအစာများကိုပိုကြိုက်နှစ်သက်သည်။

လင်းမြတ်မဟာရောင်ကတော့ ဇိုင်းနဲ့အကြိုက်ချင်းပိုတူသည်။အနောက်တိုင်းအစားအသောက်တွေထက် မြန်မာအစားအစာများသာပိုနှစ်သက်သည်။
ချက်ပြုတ်သည့်ကိစ္စများလည်း စိတ်၀င်စားပြီး လောလောဆယ်ထိုကလေးလေး၏အိမ်မက်မှာ Chef  တစ်ယောက်ဖြစ်ချင်တာပင်။

ထိန်ယံလင်းကတော့ သူ့ကလေးတွေဖြစ်ချင်သည့်ဆန္ဒကိုအစွမ်းကုန်လိုက်လျော ထိန်းညှိပေးမည်ဟုဆုံးဖြတ်ထားသည်။
သူ့တုန်းကလိုဖိအားတွေမရှိပဲ ဆန္ဒရှိသည့်အရာများကို လုပ်ခွင့်ပြုမည်။
မကောင်းသည့်အရာများဖြစ်မလာစေရန်တော့ လမ်းပြပေးမှာဖြစ်သည်။

ကံကောင်းစွာဖြင့် ကလေး၂ယောက်လုံးကလည်း ပြောစရာမလိုလောက်အောင်ကို အရွယ်နဲ့မလိုက်လိမ်မာသိတက်သည်။

ညဘက်အိပ်ခါနီးအချိန်တွင် ဘုရားရှိခိုးပြီးသည်နှင့် သူ့ကိုကန်တော့သည်။
ဇိုင်းမြတ်မဟာမောင်ကိုလည်းချန်မထားပေ လောကကြီးတွင်မရှိတော့ဘူးဟု သိထားသည့် သူတို့၏အဖေကိုလည်းအရမ်းချစ်ကြသည်။

You Are My Happiness Where stories live. Discover now