part 2🌄

652 17 0
                                    

" ဒီမှာ ထိုင်လို့ရလား ညီမလေး"

ဖုန်းကို ကြည့်နေတုန်း ငယ့်မျက်လုံးရှေ့ရောက်လာသော ခြေထောက်ဖြူဖြူလေးနဲ့အတူ ခပ်ဝဲဝဲအသံလေးကြောင့် ငယ်မော့ကြည့်မိတော့

" ဟင် "

" ထိုင်လို့ရလားလို့"

"ထိုင်လို့ရလား မေးတာလား ငယ်က သိပ်နားမလည်လို့"

အက်တော့မှ သူက ရယ်ပြီး သေချာထပ်ပြောသည်

" ငယ် ဆိုင်ရှင်ကိုမေးပေးမယ်လေ "

အော် သူ့ကိုကြောင်မို့လာပါတယ်ဆို သူက မအူမလည်နဲ့

" မေးစရာမလိုဘူး မင်းဘေးမှာထိုင်ချင်တာ"

"အော် ရ ရပါတယ် ထိုင် ထိုင်ပါ"

ဆိုပြီး သူမကပြောလည်းပြော ဖုန်းနဲ့ အအေးဗူးကိုယူကာ လူရှင်းတဲ့ရာဘာပင်တွေ ဘက် ခပ်သုတ်သုတ်ထွက်သွားတော့သည်။
ဟား တကယ့် အူကြောင်ကြား သူ့ကိုနေရာရှောင်ခိုင်းတာလည်းမဟုတ်ပဲ

အားး သေတော့မှာပဲ ရင်တွေခုန်လွန်းလို့ သူက ဘာလို့ ငယ့်ဘေးထိုင်ချင်ရတာလဲ နဂိုကမှ ကြွေလွန်းလို့ ရူးတော့မယ့်ဟာကို ဘယ်ဘက်ရင်ဘက်ကို လက်ဝါးလေးနဲ့ဖိထားရင်

" ဟေး "

" အင် ကို ကိုကြီး"

" ဘာလို့ထွက်ပြေးတာလဲ"

" မဟုတ်ဘူး အငယ်က ဒီတိုင်း ဒီ အော် အသက်ရှူမဝလို့လေ အ့လေကောင်းလေ..."

ငယ့်စကားမဆုံးခင်သူက ငယ့်ရှေ့သို့ ခြေလှမ်းကိုတိုးလိုက်ရာ ငယ်လည်း လန့်ပြီး အနောက်ကိုဆုတ်တော့ ရာဘာပင်နဲ့ကျောနဲ့က ကပ်သွားပြီ ဟင် သွားပြီ သူ သူက ဘာလို့လဲ

" နာမည်ဘယ်လိုခေါ်လဲ"

မပြောဘူး ငယ့်ကို လွယ်တယ်ထင်ရင်ခက်မယ်

" ချစ်ခင်သူဝိုင်း"

အော် ဒီပါးစပ်က သွားပါပီ စိတ်ကသာမပြောဘူးနေတာ ပါးစပ်က ထွက်သွားပြီ
သူကပြုံးပြီး

"နာမည်လေးက ချစ်စရာလေး လူရောပဲ "

"ကျေး ကျေးဇူးပါ ရှင့်"

" ဒီကိုဘာလာလုပ်တာလဲ"

" ဟို ပါပါးနဲ့ လိုက်လာတာပါ"

" အော် အဖေချစ်လေးလား ကလေးက"

" ဟုတ် ကဲ့"

" တကယ်တော့ ကိုယ်က ကလေးရဲ့ Facebook acc သိချင်တာ ကလေး ဖုန်းတော့ကိုင်ရတယ်မလား"

"ဟုတ် ဒါ အငယ့်ရဲ့ဖုန်း"

ဟုပြောပြီး သူမလက်ထဲကဖုန်းလေးကိုထောင်ပြသည်

" ပီးတော့ အငယ်က ကလေးမဟုတ်တော့ဘူး"

" ဟင်"

" ဟုတ် အငယ့်အသက်က ၂၄ပြည့်တော့မှာပါ တတိယနှစ်တတ်နေတာ"

ဟာ တစ်ကယ် မဖြစ်နိုင်တာ သူထင်တာ ၁၇/၁၈
သူမက ညာနေတဲ့ပုံလည်းမပေါ်ပဲ မျက်လုံးဝိုင်းဝိုင်းလေးတေနှင့်မော့ကြည့်ပြီး

"အငယ်က ကလေးရုပ်ဖြစ်နေတာပါ"

ဟု မျက်နှာငယ်လေးနဲ့ပြောတော့

" အဲ့ဒါမကောင်းဘူးလား ဆုတောင်းကောင်းတာလေ ကလေးရဲ့အယ် sorry ခင်လေး "

"ဟင် ဘယ်လိုကြီးလဲ"

" ခင်လေး လို့ခေါ်ချင်တယ် "

ဟုဆိုပြီး ထို့နောက်
သူမဆီက Facebook account ကိုတောင်းပီး အပ်ရင်လက်ခံဖို့နဲ့ ထပ်ဆုံချင်သေးကြောင်း
ပြောပြီး သူ့သူငယ်ချင်းနဲ့အတူ ပြန်ထွက်သွားတော့သည်။
ဟင် အငယ်က သူ့နာမည်လည်း မမေးလိုက်ရဘူးလေ ဟာ သေလိုက်ပါတော့ ငဒူမ
ရည်းစားကျလိုချင်ပြီး အထာကျမပေးတတ်
ဟုတ်တယ် ခုလောလောဆယ် အငယ့်မှာ ဦးဏှောက်မရှိတော့သလို ခံစားနေရတယ် 🤣

+++++++++++++++++++++

Red Flag Enjoyer Where stories live. Discover now