ကျွန်တော့်ကို မလေးမစားလုပ်လိုက်မိတာနဲ့ ချက်ချင်း ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်တဲ့ ညီ့ပုံစံကြောင့် သူ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမျိုးတွေပါမကျန် ကျွန်တော့်ကို မထိရဲကြ။ ရယ်လည်းရယ်ရသလို သဘောလည်း ကျရပါတယ်။ ညီကျွန်တော့်ကို ကာကွယ်ပေးပုံက ဘယ်သူရှေ့မှာမဆို ဦးစားပေးနံပတ်တစ်ပဲ။

တစ်ခါတုန်းက သူတို့ရုံးက ညစာစားပွဲတစ်ခုမှာ ကျွန်တော့်ကိုပါ ဖိတ်တော့ အတူပွဲတက်ကြတာပေါ့။ ညီ့အထက်က Project Director က ဩဇီမှာတုန်းက ကျွန်တော့် Junior ဆိုတော့ သူနဲ့လည်း စကားပြောရအောင် လိုက်သွားတာ။ အဲဒီမှာ ညီ့အောက်က Assistant ကောင်လေးတစ်ယောက်က အသစ်ထင်ပါရဲ့ ကျွန်တော်နဲ့ညီ့ကို အတွဲမှန်းသိသွားတော့ လှောင်သလိုပြောလိုက်တာ။ ဘာဆိုပါလိမ့် ကျွန်တော်တောင် သေချာမကြားလိုက်ဘူး ဟိုက ခပ်တိုးတိုးပြောလိုက်ပုံပါ။ အဲဒါကို ညီက ကြားပြီး ရယ်နေရာကနေ ချက်ချင်းရပ်၊ သူ့ဘက်ကို လှည့်ပြီး

" အဲဒီစကားမျိုး ပြောရအောင် မင်းက ဘာအဆင့်ရှိလို့လဲ ထက်မြက်ထွန်း" လို့ လုပ်တာ။

ညီ့အသံက ဘယ်လောက်တောင် အင်အားပြင်းလဲဆို စားပွဲတစ်ခုလုံး အသံတွေအကုန် တိခနဲ ရပ်ကြသွားရတဲ့အထိ။ ကျွန်တော်က ကပ်ပြီး မေးတော့ လက်ကာပြပြီး ဆက်ပြောတယ်။

"ဟင် ငါ မေးတာဖြေလေ မင်းကိုယ်မင်း အဲဒီလောက် ဘောင်ဝင်တယ်လို့ ထင်နေတာလား။ ငါ့ကိစ္စကို ဝင်ပြီး လှောင်ရတဲ့အထိ မင်းကိုယ်မင်း ငါနဲ့အဆင့်တူတယ်လို့ ထင်နေတာလား ထက်မြက်ထွန်း"

"မဟုတ်ဘူးအစ်ကို ဆောရီးပါ ကျွန်တော်တောင်းပန်ပါတယ်"

"မင်းတောင်းပန်တာ ငါမလိုချင်ပါဘူး။ မင်းကိုယ်မင်း ငါနဲ့ တစ်တန်းတည်းမှာ ရောက်နေပြီလို့ တန်းညှိနေတာလားလို့ သိချင်တာ"

"ညီ"

"ကိုကို ခဏ"

"ဘာဖြစ်လဲ ယောကျာ်းချင်းတွဲတော့။ ဒါ ငါ့အမျိုးသား ဟုတ်တယ်။ သူနဲ့ဆို ပိုတောင်ဆိုးဦးမယ် မင်းအခုနေ မအိပ်မနေ ထ ကြိုးစားမယ်ဆိုရင်တောင် မင်းလက်ရှိအသက်ကနေ နောက်တစ်ဆ ထပ်တိုးလည်း အခုသူ့နေရာကို မမီလောက်သေးဘူး မင်း နားလည်လား"

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now