ဒီနေ့ ကတော့ ထုံးစံအတိုင်း သာယာတဲ့ နေ့လေးပါပဲ။
Gyuvin တစ်ယောက် ကျောင်းသွားဖို့ ပြင်ဆင်ပြီး မေမေ ပြင်ပေးတဲ့ မနက်စာကို ခပ်မြန်မြန်စားလိုက်သည်။စောနေသေးပေမဲ့ ထိပ်တန်းကျောင်းသားက ကျောင်းကို စောစောရောက်သင့်သည်လေ။
ဟိုတလောက chemistry project အပြီး Gyuvin တို့ ပြိုင်ပွဲ စနေပြီ ဖြစ်သည်။ လစဉ် tutorial မှာ အမှတ်ပြည့် ရရမယ် / final exam မှာ 100% ရတဲ့ သူက အနိုင်ရမည် ဖြစ်သည်။ Gyuvin က ငယ်ငယ်ကတည်းက ပြိုင်ဖက်ရှိနေတာကို သဘောကျသည် အဲ့တာက ပိုပြီး တွန်းအားပေးသလို ။
Ricky က ထင်ထားသလောက် မဆိုးဘူး
အရမ်းစွာတာတွေ ဆရာကြီးလုပ်တာတွေ ပဲများ တာတွေလောက်ပါပဲ။
တစ်ခုတော့ရှိသည် ကျောင်းမှာ Gyuvin ကို ယှဉ်နိုင်တဲ့
တစ်ယောက်တည်းသော ဂြိုလ်သား။
အရင်က Gyuvin မှ မရရင် သေမှာ ဆိုတဲ့
ကောင်မလေးတွေအကုန် အခုတော့
ရစ်ခီ မှ ရစ်ခီ ။Gyuvinရဲ့ first impression က သူ့ကို ငြိမ်ပြီး အေးမယ်လို့ ထင်ထားခဲ့တာ၊ ဘယ်ဟုတ်မလဲ
ဒင်းက စစရောက်ချင်းကတည်းက ဝေဖန်လေကန် စလုပ်တော့တာပဲ။
အဲ့တာကို ကျောင်းက မိန်းကလေးတွေက သူ့ကိုcrush တယ်တဲ့။အသက်ရှည်အုန်းမယ့် Ricky က Gyuvin ရှေ့တည့်တည့်ကြီး ရောက်လာသည်။ Gyuvin ကလည်း ရိုးသားစွာဖြင့် တမင်ဝင်တိုက်လိုက်သည်။
" အာ့ ဟိတ်ကောင် မင်းလူတစ်ယောက်လုံးလာနေတာ မမြင်ဘူးလား? "
" အိုး ဆောရီး မင်းက ပုနေတော့ ငါက မမြင်လိုက်ဘူး"
အမှန်တော့ Ricky က ၆ပေကျော်
သစ်ကုလားအုပ်လေးပါ။ Gyuvin ကသာ သစ်ကုလားအုပ် အဖိုးဖြစ်နေတာ ။" what the fuk ? "
ရစ်ခီက ပြန်ထ လာပြီး ဂယူဗင်းက
" ဘေဘီ မင်း အရပ်လေးနဲ့ ငါ့ကို ဘာမှ ပြန်မလုပ်နိုင်... အားးး "
" ဟုတ်ပါ့ ငါက အရပ်ပုတဲ့ ဘေဘီလေး "
ဆိုကာ ရစ်ခီက ဂယူဗင်းဂွ ကို ဒူးနဲ့ဆောင့် ပြီး ထွက်ပြေးသွားတာ ဖြစ်သည်။ဂယူဗင်းကတော့ corridorမှာ သူ့ဟာသူ ခုန်ဆွ ခုန်ဆွ ဖြစ်နေပြီး ဘေးက နံရံနဲ့ ခန္ဓာကိုယ်ကို ကပ်ထားရသည်။