" ရပါတယ် "
" မင်း speechမပြောရသေးဘူးမလား "
" Omm ခဏနေမှ "
" တော်သေးတယ် ဟူးး မောလိုက်တာ "
အရှေ့ဆုံးက VIP ဝိုင်းမှာ ထိုင်နေတဲ့ ဆောင်ဟွန်းရဲ့ ဘေးခုံမှာ ဂျိတ်ခ်ဟာဝင်ထိုင်ရင်း အမောဖြေနေသည်။ ဂျိတ်ခ်ရဲ့ ချွေးစို့နေ့တဲ့ လည်ပင်းလေးစီကို အကြည့်ရောက်သွားတော့ ဆောင်ဟွန်းရဲ့ လက်ဟာ အသားကျနေသည့်အတိုင်း သူ့အလိုလိုမြောက်တက်လာပြီး လည်ပင်းနားလေးထိ တိုးသွားလိုက်ရင်း လေးအေးလေးတွေရအောင် လက်ဖြူဖြူသွယ်သွယ်လေးတွေကို ကြိုးစားပြီး စတင် လှုပ်ခတ်တော့သည်။
" အေးဆေးလာလည်းရပါတယ် ဂျိတ်ခ်ရယ် "
လှုပ်ခတ်နေတဲ့ ဆောင်ဟွန်းရဲ့ လက်ကို ဆွဲချလိုက်လို့
" မင်း speechမပြောခင်ရောက်မှဖြစ်မှာမလို့လေ"
" အဲ့ဒါတော့ ဟုတ်တယ်။ မင်းမရှိရင် ငါ စိတ်လှုပ်ရှားပြီး တုန်နေလောက်မှာ "
ထပ်မံ မြောက်တက်လာတဲ့ ဆောင်ဟွန်းရဲ့ လက်ကို ဂျိတ်ခ်ဟာ ပြန်ဆွဲချလိုက်ရင်း
" မလုပ်နဲ့ "
" မင်း ပူနေတယ်မလား? "
" ခဏနေ အေးသွားမှာ။ မင်းက ဒီပွဲမှာ အဓိကနေရာမှာရှိနေတာနော် ပတ်ဆောင်ဟွန်းရှီ "
" အဲ့တော့ "
အရှေ့က စင်ပေါ်မှာ သီချင်းဆိုပြီး ဖျော်ဖြေနေတဲ့ အဆိုတော်ကောင်မလေးတစ်ယောက်ကိုလည်း အာရုံမရ၊ ဘယ်သူ့ကိုမှလည်း အာရုံမစိုက်အားပဲ ဆောင်ဟွန်းဟာ ဘေးမှာထိုင်နေတဲ့ ချွေးစို့နေတဲ့ လည်ပင်းလေးစီမှာပဲ အကြည့်တွေက မြဲနေခဲ့သည်။
" အကုန်လုံးရဲ့ မျက်လုံးတွေက မင်းစီမှာ။ အနေအထိုင်ဆင်ခြင်။ ငါ မင်းကို ဘယ်သူ့စီကမှ အပြောမခံနိုင်ဘူး "
" အပြောမခံချင်ရင် အပြောမခံရအောင်နေပေါ့ ရှင်းမ်ဂျိတ်ခ်ရှီ "