🖤10🖤

1.2K 99 18
                                    

Unicode

"မင်းနဲ့အမေ ဘာတွေပြောနေတာလဲ..."

"ဘာမှမပြောပါဘူး...ဒါဆိုကျွန်တော်တို့သွားလိုက်ပါအုံးမယ်နော် အန်တီ..."

jkကမေမေကို နှုတ်ဆက်ပြီးနောက် Taehyung လက်ကိုဆွဲကာ ခေါ်လာလေသည်။

မေမေကြည့်နေတာမို့ jkလက်ကိုရိုက်လိုက်သော်လည်း နည်းနည်းလေးမှ မလွှတ်ပေးပဲ သူ့ကားထဲ Taehyung အားဆွဲထည့်လေသည်။

"ရား...ဆေးရုံသွားရမယ်လို့..."

".ကျုပ်ခွင့်တိုင်ပေးထားတယ်..."

"ဘယ်သူ့သဘောနဲ့လဲ..."

" ကျုပ်သဘောနဲ့..."

" မင်းကဘာမို့လို့လဲ..."

"ဟာ.."

"မေးနေတယ်လေ..."

"ခင်ဗျား ကျုပ်ကိုရစ်နေတာလား..."

"ဘာကိစ္စ ငါကမင်းကိုရစ်ရမှာ..."

" အခုပဲ ကြည့်လေ ခင်ဗျားကျုပ်ကိုရစ်နေတာမဟုတ်လို့ဘာလဲ..."

"အေးလေ မင်းက ဘာမို့ငါကရစ်ရမှာလဲ..."

"တော်ပြီ...တော်လိုက်တော့ Kim Taehyung... "

"အကြီးကို အကြီးမှန်းမသိ အရိုင်းအစိုင်း..."

"အမှန်ပဲလေ..."

"တောက်စ်..."

jkသည် တောက်တခေါက်ခေါက်ဖြင့် Taehyung အားဘာမှပြန်မပြောတော့ပဲ ကားစထွက်တော့သည်။

Taehyung အမေကတော့ အခုထိမထွက်သေးသော ကားကြောင့်ရပ်ကြည့်နေပီး jkတို့ကားထွက်သွားမှ အိမ်ထဲပြန်ဝင်သွားလေသည်။

ဘယ်နေရာခေါ်သွားမှန်းလဲမသိသော Taehyung တစ်ယောက် ကားထဲတွင် အိပ်လျှက်ပါလာဘေသည်။

jkသည် ဆရာဝန်အားလှမ်းကြည့်လိုက်တော့ အိပ်နေတာများသိုးလို့ အခုချိန် ထိုဆရာဝန်အား တစ်ခုခုလုပ်လိုက်လျှင်တောင် သိမည့်ပုံမပေါ်ပေ...။

jkလဲ ထိုဆရာဝန်စီမှ အကြည့်လွှဲလိုက်ပြီး ကားကိုသာ အာရုံစိုက်မောင်းနေတော့သည်။

jkကားရပ်လိုက်ပြီး ဆရာဝန်အား ကြည့်လိုက်တော့ အိပ်နေသေးသည်။

မာမီတို့ ရောက်နေလောက်ပြီ ဖြစ်သောကြောင့် ထိုဆရာဝန်အား ပခုံးကိုတို့ကာ နိုးလိုက်သည်။

彡Unexpected true love彡(Completed )Where stories live. Discover now