🖤9🖤

1.3K 102 31
                                    

Unicode

"မြင်လား ယော်ကျား ရှင့်သားအခြေအနေကို..."

"မြင်တာပေါ့ကွာ...ကိုယ်ကတော့ ဒီလိုမျိုးအမတွေ့ဖူးတော့ ထူးဆန်းနေပေမဲ့ ဟိုဘက်ကကောင်လေးက ကိုယ်တို့သားကို တကယ်ချစ်ပုံပဲ..."

"ဟုတ်တယ် ကျွန်မဆိုနှစ်ခါရှိပြီ တွေ့တာ နှစ်ခါလုံးအဲ့လိုပဲ..."

"သားကဝန်မခံဘားမလား မသိချင်ယောင်ဆောင်ပေးကြတာပေါ့...အချိန်တန်ရင်ပြောပြမှာပဲလေ..."

"အင်း ကျွန်မလဲအဲ့ဒါစောင့်နေတာ..."

ထိုညက Taehyung... jungkook ကြောင့်သိတ်တိုပြီးအိပ်မရသော်လည်း အောက်ထပ်ကမိဘနှစ်ပါးကတော့ ရှောက်တွေးနေတာကိုလဲ မသိလိုက်ပါ...။

ညဘက်နောက်ကျမှ အိပ်သောကြောင့် မနက်ကျမထနိုင်ဖြစ်ကာ jungkook လာခေါ်မယ်ပြောတာကို Taehyung မေ့ကာ အိပ်ပျော်နေလေသည်။

jungkook တစ်ယောက် ထိုဆရာဝန်အား ဉီးလေးစီကနေ ခွင့်ရက်တောင်းပေးကာ မနက်၈နာရီထဲက ထိုဆရာဝန်အိမ်ရှေ့တွင် စောင့်နေပါသော်လည်း...၁၀နာရီထိုးနေပီဖြစ်တာတောင်မဆင်းလာသေးသောကြောင့် ဉီးလေးပေးထားတဲ့ ထိုဆရာဝန်ဖုန်းနံပတ်အားဆက်ရန် ထုန်းထုတ်တုန်းရှိသေး...။

"သားက...ထယ်ယောင်းသူငယ်ချင်းလား...အိမ်ရှေ့မှာ ရပ်နေတာကြာနေပီမို့လေ..."

Taehyung နဲ့ရုပ်တူသော အန်တီက ထိုအိမ်ထဲမှထွက်လာသောကြောင့် Taehyung အမေဖြစ်ပုံရသည်။

"ဟုတ်...ဟုတ်ပါတယ်..."

"အဲ့ဒါဆိုအထဲဝင်လေ အပြင်မှာဘာရပ်လုပ်နေတာလဲသားရဲ့..."

"အဲ့ဒါ... ကျုပ်...ကျွန်တော်က Taehyung ကိုစောင့်နေတာပါ..."

သုံးနေကျအတိုင်း ကျုပ်ဟုသုံးနှုန်းဖို့လုပ်လိုက်ပေမဲ့ လူကြီးအား ရိုင်းပြသလိုဖြစ်မှာဆိုလို့ ပြောင်းသုံးနှုန်းလိုက်သည်။

jungkook သည် သူ့ဉီးလေးကအစ ကျုပ်လို့ပြောတာကို မေ့လျော့နေခဲ့သည်။

"အိမ်ထဲဝင်စောင့်မလား ဒီနေ့မှအလုပ်မသွားဘူးထင်တယ် အိပ်နေလို့သားရေ..."

jungkook လဲအပြင်မှာပဲရပ်စောင့်နေပေမဲ့ အန်တီက jungkook လက်ကိုဆွဲကာ အိမ်ထဲခေါ်သွားကာ ဆိုဖာပေါ်ထိုင်စေသည်။

彡Unexpected true love彡(Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ