Part-5

187 19 6
                                    

Unicode

"ရိပေါ် အပေါ်တက်ကြည့်ရအောင်"

"ဖြစ်ပါ့မလား"

မျက်မှောင်ကြီးကြုံ့လို့ပြောလာတဲ့ အမောင်ရိပေါ် ကြောင့်..

"ဖြစ်ပါတယ်ကွာ ငါတို့ရောက်နေတာပဲကြာနေပြီ ဘာမှမှမဖြစ်တာ ပြီးတော့အလုပ်သမားတွေလည်းအများကြီး ရဲမှူးရှောင်းတို့လည်းရှိတာပဲကို"

"ငါတို့ရောက်နေတာကြာပြီဆိုပေမဲ့ဘယ်သူမှအပေါ်ကိုမတက်ကြ သေးဘူးလေ.. မင်းကလေ ရှည်ကိုရှည်တယ် အလုပ်သမားတွေကိုအရင်တက်ခိုင်းပြီးမှ ငါတို့တက်ရအောင်ပါကွာ ပြီးရင်တစ်ခုခုဆိုမင်းကရှေ့ဆုံးကပြေးမှာ အထာတွေကနပ်နေပြီရယ်"

"လာပါကွာ တက်မယ်လို့"

ထယ်ယောင်းရှေ့ကနေတက်လာကာ လှေကားအလယ်တောင်ရောက်နေပြီ နောက်ကခြေသံမကြားလို့လှည်ကြည့်လိုက်တော့ ပထမဆုံးလှေကားထစ်မှာတင် ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့လင်းတကိုပြန်ဆင်းခေါ်ရသေးသည်။
သူလည်းမကြောက်တာမဟုတ်ပါဘူး ကြောက်တာပေါ့တဲ့ အကယ်၍သရဲတွေ့ရင်လည်းခြေထောက်ပါတာပဲ ဒီလှေကားကနေပြေးဆင်းရုံပေါ့ အပြေးမတော်ပြုတ်ကျ သေ မအေးဘူးလား
လျှောက်ပြောတာပါ သေတော့မသေချင်သေးပါဝူး ကောင်လေး..အဲ့..ကောင်မလေးတောင်မထားရသေးဘူးရယ်..

အပေါ်ရောက်သွားတော့တွေ့လိုက်ရသည်က
ဘာပရိဘောဂပစ္စည်းမှမရှိပဲ ဖုန်မုန့်တွေဖြင့်သာဖွေးနေသောအခန်းကျယ်ကြီး..

"ရိပေါ် ငါတို့အပေါ်ထပ်အတွက်ပစ္စည်းတွေထပ်မှာရအုံးမယ်ထင်တယ်"

"အေး.."

"အာ့ဆို အလုပ်သမား3ယောက်လောက်ထပ်ခေါ်လိုက်မယ် အခုစုစုပေါင်းအလုပ်သမားက17ယောက် ပိုက်ဆံစုစုပေါင်းက...တစ်ယောက်ကို ဝမ်300 17ဆိုတော့.. 3တစ်လီ3.. 3(7)လီ 3(7)လီ..."

"21လေ"

"အော်ဟုတ်သားပဲ ဟဲဟဲ မေ့သွားလို့ မေ့.."

နေအုံး သူ့ကိုဘယ်သူပြောလိုက်တာပါလိမ့် ဘေးနားကိုဝေ့ဝဲကြည့်မိတော့သူတစ်ယောက်တည်း..

'သေချင်းဇိုးလေး ငါ့ကိုတစ်ယောက်တည်းထားသွားပြီထင်တယ် '

"ဝမ်ရိပေါ် ယား... ဝမ်ရိပေါ်.."

Mystery and Love(ဆန်းကြယ်မှုများနှင့်အချစ်)Where stories live. Discover now