Part-3

209 24 5
                                    

Unicode

"ဒီက မန်နေဂျာနဲ့အတွင်းရေးမှူးထင်တယ်"

အန်ကယ်နဲ့ရုပ်ဆင်တဲ့တစ်ယောက်မှ မေးလာတာကြောင့် ထယ်ယောင်း အလိုက်သင့်လေး..

"ဟုတ်ကဲ့ "

"ပါးတို့ပြောတာ အသက်ကြီးတယ်ဆိုလို့ ထောင်ထောင်မောင်းမောင်းဗလတောင့်တောင့်ကြီးတွေထင်ထားတာ ဒါမဲ့အခုတွေ့မှ သေးသေးလေးတွေနော်"

'ဒါသက်သက်သူတို့နှစ်ယောက်ကိုစော်ကားတာ'
ရိပေါ်နောက်ကြည့်မှန်ကနေပြီး မျက်စောင်းထိုးမိသည်။

ရှောင်းကျန့်ထိုအရာကိုမြင်လိုက်ရတာကြောင့် ဘေးမှမပြောတတ်မဆိုတတ်အကောင်အား မျက်မှောင်ကြုံ့ပြလိုက်ကာ..

"အဟင်း နုတယ်လို့ပြောချင်တာပါ ကိုရီးယားမှာအနေများလာတာဆိုတော့ တရုတ်စကားကောင်းကောင်းမပြောတတ်တော့လို့ပါဗျ"

ပြောတတ်ဆိုတတ်တဲ့အန်ကယ်ရဲ့တူဖြစ်သူ
ကြောင့်ထယ်ယောင်းမချိပြုံးလေးပြုံးလိုက်လို့

"အဟင်း ရပါတယ်ဗျ"

"ဒါနဲ့ဒီကရဲမှူးရှောင်းထင်တယ်"

ဖြူဖြူဖွေးဖွေးအရပ်ရှည်တဲ့တစ်ယောက်ဆိုတော့အတွင်းရေးမှူးဝမ်ရိပေါ်ထင်သည်။
ရှောင်းကျန့် အပြုံးရေးရေးလေးပြုံးလိုက်လို့

"ဟုတ်ပါတယ် ကျနော်ကအသက်ပိုကြီးတယ်ဆိုတော့ နောက်လည်းရင်းနှီးရမဲ့တူတူ အကိုလို့ပဲခေါ်ပါ"

"အာ.. ဘယ်ဖြစ်ပါ့မလဲ ရဲမှူးရှောင်းလို့ပဲခေါ်ပါ့မယ် အဲ့လိုခေါ်ရတာကျနော်တို့အတွက်ပိုအဆင်ပြေလို့"

"ဟုတ်ကဲ့ပါဗျာ အဆင်ပြေသလိုခေါ်ပါ"

ထို့နောက် ကားလေးထဲ တစ်ခနတိတ်ဆိတ်သွားသည်။

"ဒါနဲ့ရဲမှူးရှောင်းတို့က ဒီမှာပဲအခြေချကြတော့မှာလား ဒါမှမဟုတ်ခနပဲလား"

တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကထယ်ယောင်း
သူ့အမေးကိုရဲမှူးရှောင်းကပဲ..

"ကျနော်ကတော့ဟိုကိုပြန်သွားရမှာ သူကတော့ဒီမှာပဲအခြေချမှာ အဲ့တာကြောင့် ဒီကမန်နေဂျာကင်မ်နဲ့အတွင်းရေးမှူးဝမ်တို့ကကူညီပေးပါအုံး"

Mystery and Love(ဆန်းကြယ်မှုများနှင့်အချစ်)Where stories live. Discover now