Chapter 5

604 108 6
                                    

အခန်း ၅ ငွေဆယ့်ငါးချောင်း

နောက်နေ့မနက်စောစောတွင် ကျင့်ယိက သူ၏အရေးကြီးသောဖောက်သည်နှင့် တွေ့ဆုံရန် မြို့ထဲသို့သွားဖို့ ကြံရွယ်ရင်း တမင်တကာ အစောကြီး အိပ်ယာထလာခဲ့သည်။

ဒီတစ်ခါတော့ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဂရုတစိုက် ပြင်ဆင်လိုက်သည်။ သူ့အဝတ်အစားတွေက တိုနေသေးပြီး သူ့ဘောင်းဘီက ဖာထေးထားတယ်ဆိုပေမယ့် အနည်းဆုံးတော့ အရောင်က နက်ပြာရောင်တောက်တောက်ဖြစ်နေပြီး သူ့ဆံပင်တွေကိုလည်း သပ်သပ်ရပ်ရပ် စုစီးချည်နှောင်ထားလိုက်သည်။

သူက မနက်စာစားပြီးတာနဲ့ အားလုံးပြင်ဆင်ပြီး ခရီးစထွက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သူ အိမ်ကမထွက်ခင်မှာ နောက်ဝယ်စရာ တစ်ခုခု လိုနေမလားဆိုတာ သိနိုင်ဖို့ မီးဖိုချောင်ကို လှည့်ပတ်ကြည့်လိုက်သေးသည်။

ဤသည်မှာ ခောတ်သစ်မှ ကျင့်ယိ၏အထီးကျန်နေထိုင်မှုမှ ဖြစ်ပေါ်လာသော အလေ့အထဖြစ်သည်။ သူက နေ့စဥ်သုံးပစ္စည်းများကို ပုံမှန်ဝယ်လေ့ရှိပြီး အားလပ်ချိန်တွင် အများအပြားဝယ်ယူမှုကိုတောင် ပြုလုပ်လေ့ရှိသည်။ ကုန်ပစ္စည်းများကို ဝယ်ယူသိုလှောင်ထားနိုင်ခြင်းက သူ့ကို စိတ်ကျေနပ်မှုပေးနိုင်သည်ဟု ဆိုရပေမည်။

"အဖေနဲ့အမေ၊ ကျွန်တော် သွားတော့မယ်။ နေ့လယ်စာစားချိန် မှီဖို့ ကြိုးစားပြီး ပြန်လာပါ့မယ်။ အရမ်းနောက်ကျနေရင်တော့ ကျွန်တော့်ကို မစောင့်နဲ့တော့နော်၊ အရင်စားထားနှင့်" ကျင့်ယိက သူ့မိဘတွေကို နှုတ်ဆက်လိုက်ပြီး ဝင်းတံခါးဆီကို လျှောက်သွားရင်း လက်ပြနှုတ်ဆက်လိုက်သည်။

"လမ်းပေါ်မှာ အလျင်စလို မလုပ်နဲ့၊ ဒီဝါးကျဥ်တောက်ထဲမှာ ရေရှိတယ်။ လမ်းမှာ သောက်ဖို့ ယူသွားလိုက်၊ မနေ့က မင်း ပြန်လာတုန်းက မင်းပါးစပ်တွေ ခြောက်သွေ့နေတာ တွေ့တယ်" လျိုချိုက်ယွဲ့က သူ့နောက်ကို လိုက်လာပြီး ရေအပြည့်နေထည့်ထားတဲ့ ဝါးကျဥ်တောက်နှင့်အတူ ဝမ်ငါးဆယ်ကို သူမသားကြီးထံသို့ လှမ်းပေးလိုက်သည်။

သူမသားအကြီးဆုံးက အပြင်မထွက်ခင်မှာ မီးဖိုချောင်ထဲ ဝင်သွားတာကို သူမတွေ့လိုက်ပြီး သူက မိသားစုအတွက် တစ်ခုခုဝယ်လာတော့မှာ သေချာနေသည်။ အဲ့အတွက် သူ့ကိုယ်ပိုင်ငွေကို မသုံးစေချင်ဘူး။

မြေရှင်ကြီးကျင့်နဲ့ သူ့ရဲ့ခင်ပွန်းလေးWhere stories live. Discover now