" မင်းလိုအပ်တာ ငါ့လို မျက်နှာလေးပဲ၊
ငါ့ အရင်က exတွေဆို စိတ်ကောက်နေတယ်ဆိုတာ မရှိဘူး ငါ့ မျက်နှာလေးကြောင့်လေ "
" ဒီ ကောင်က တစ်မျိုးကွာ ငါ့ finger gun နဲ့ တွေ့တော့မယ် "

" ဟျောင့် မင်းပြန်တော့လေ အတန်းစတော့မယ်!"
" မသွားချင်ဘူးဟ maths အချိန်ကြီး
ငါ့စောက်ရမ်းမုန်းတာ ဆရာမကလဲ ဒေါသကြီးတာ လွန်ရော "

" မင်းကတာ့ တကယ့်ကောင်ပဲ ဆရာအသစ်လာမှာ မသိဘူးလား? မင်းတို့ အတန်းကြီး ပြိုကျတောင် သိမဲ့ပုံမပေါ်ဘူး "
" ငါလား ငါ maths အချိန် မတက်တာ ၂ပတ်ကျော်နေပြီ "
လက်နှစ်ချောင်း ထောင်ပြီး စပ်ဖြီးဖြီးလုပ်ပြသည်။
ခဏ အကြာတော့ ရစ်ခီနဲ့ ဆရာအသစ် အတန်းထဲ ဝင်လာသည်။
ဟို ဆရာအသစ်က အတန်းရှေ့ မတ်တပ်ရပ်ပြီး အတန်းထဲက လူတွေကို တချက်ဝေ့ကြည့်သည်။

" ကလေးတို့ ဒီအတန်းထဲကို ဆောင်းဟန်ဘင်း ဆိုတဲ့ ကျောင်းသား ရှိလား? "
တစ်တန်းလုံး တက်ညီလက်ညီ ဟန်ဘင်းကို လှည့်ကြည့်ကြသည်။ ကျနော်လဲ အပါအဝင်ပါ ။
" ကဲ ကျောင်းသား ဆရာနဲ့ ရုံးခန်းလိုက်ခဲ့ပါဦး "

" နဲလ်? ဘာ လို့ "
ဟန်ဘင်း ဘာမှ ပြန်မပြောရသေးခင်
ဟို ဆရာအသစ်နောက်ပါသွားသည်။

" မင်း ငါ့သူငယ်ချင်းကို တိုင်လိုက်တာ မလား "
ကျနော့် ဘေးလာထိုင်တဲ့ ရစ်ခီကို မေးလိုက်သည်။

" အောင်မယ် ဖြစ်ရချည်သေးရဲ့ ငါတခြားသူကိစ္စတွေ စိတ်မဝင်စားဘူး "
ရစ်ခီ့ စကားသံအဆုံး ကျနော် ခနဲ့ရယ် ရယ်မိသည်။
" ဒါနဲ့ မင်းက ဘာလို့ကျောင်းကို makeup လိမ်းလာတာလဲ "
ကျနော်ပြောလိုက်တာကို bombastic side eyes တွေလုပ်သည်။ သိချင်လို့မေးတာလေ ကျနော်တို့ဆို စာနဲ့ လုံးပမ်းနေလို့ မျက်နှာတောင် တွေ့ကရာ ဆပ်ပြာနဲ့
သစ်တာ
" ဒီမှာ ဒါငါ့ personal ပါ မင်းသိစရာမလိုဘူး "
" ဟွန်း ကြီးကျယ်နေတာ မင့် ရည်းစားရှိလား မေးနေတာမဟုတ်ပါဘူး "
" ဘာဆိုင်လို့လဲ မင်း အေးဆေးနေစမ်း "
" bruh ငါလဲ အေးဆေးနေနေတာပဲ "
ကျနော့် အထင် ရစ်ခီက ကျနော့်ကို စိတ်ထဲကနေ ကြိမ်ဆဲနေတာပဲ ဘယ်လိုလုပ်ရမလဲ ရစ်ခီက စိတ်ဝင်စားဖို့ကောင်းတယ်။
အဟမ်း ကျနော် သူ့ကိုမုန်းလို့ ရစ်ခီ့ကို
လိုက်နှောက်ယှက်ချင်တယ် စချင်တယ်
သူ ကြောင်တောင်" ဖြစ်နေတာလေးက.........
မုန်းစရာလေးမလို့။

~~~~~~~~~~~~

" ကျောင်းသား ဆောင်းဟန်ဘင်း? ဘာလို့
maths အချိန်မှာ attendance မရတာလဲ? "
အခု ဆောင်းဟန်းဘင်း အဖြစ်က ဂျောင်ပိတ်နေသည့် အဖြစ်။ အကျောင်းပြချက်လဲ မရှိသည့် အပြင် တကယ်လဲ ဆောင်းဟန်ဘင်းဆိုတဲ့ နာမည် အောက်မှ အမှားခြစ် ကြီးတိုင်းပဲ။ ဆရာကလဲ ရုပ်လေးက ချစ်ဖို့ကောင်းသလောက် ကြောက်စရာကြီး ။

" ဟိုလေ အဲ့တာ... ဟူး သင်လေချာလေ ဘာသာကြီးကို မရလို့ ပြီးတော့ အရင်ဆရာမကို သား ကြောက်လို့ မတက်တာပါ "
" အို.. သင်လေချာလေ လို့တော့ မပြောနဲ့လေ
မင်းက အတန်းမှန်မှန် တက်မှ စာသေချာ လိုက်လုပ်မှ စာရမှာပေါ့ အခုက ငါ့ အချိန်မှာ လစ်ဖို့ မလုပ်နဲ့
ပြီးတော့ ကျောင်းပြီးပြီးချင်း ငါ အချိိန်ပိုခေါ်မယ် "

" ဗျာ... 😅 အဲ့တာကတော့ မရဘူးထင် "
မျက်စောင်းကြီးကို ကြောက်လို့ ပါးစပ်ပိတ်လိုက်ရသည်။

" မိဘခေါ်ရမလား စာသေချာလိုက်လုပ် မလား "
မိဘ အသံကြားတာနဲ့ ရင်ခုန်fin တုန်ဖြစ်ရတဲ့ ဘဝ။
အမေ ဟိုတလောကမှ အသက်မပြည့်ဘဲ ဘီယာသောက်လို့ အထောင်းခံထားရတာ အခုကိစ္စတာသိရင် အိမ်ပေါ်ကနေ အဝတ်မပါ ကိုယ်တစ်ခုနဲ့ ဆင်းရမှာ ။

" ဟဲဟဲ စတာပါ သား စာသေချာလိုက်လုပ်ပါ့မယ် အချိန်ပိုလဲ ဆရာကြိုက်သလောက် ယူပါ "

" ကောင်းပြီ ဒါနဲ့ မင်းအရွယ်နဲ့ ကိုယ့်ကို သားလို့ မပြောပါနဲ့လား? ငါ အသက်အရမ်းကြီးသွားတယ်လို့ ခံစားရတယ် "
" အာ နဲလ် နဲလ် ဒါဆို ကျနော် သွားလိုက်ပါဦးမယ် "

" ဘယ်လဲ အခု ငါနဲ့ အတန်းထဲ ဝင်ရမှာ "
ဘာမှတောင် ပြန်မပြောရသေးခင် ဂုတ်ဆွဲခေါ်သွားတဲ့ ဆရာအသစ်၊ တယောက်ကယ်ပေးရင် ကောင်းမယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Haobin လည်းပါပါမယ် ဒါမဲ့ လေလုံးတို့ အတွဲကို အဓိက ရေးသွားမှာပါ ^^

Edit- မှားနေတဲ့ စာလုံးလေးတွေ
ပြန်ပြင်လိုက်ပါတယ် ။

Academic RivalsWhere stories live. Discover now