သတင်းစာကိုခဏလေးချလို့ ကြည့်လိုက်သည် မောင်နှမ
တွေပဲတည့်ရိုးထုံးစံရှိမလား ရှိရင်လည်းကြာချိန်က အများဆုံး ၂နာရီပဲ ။

"ဖေဖေ..‌ကိုကိုစော်အောက အကျင့်မကောင်းဘူး"

"မဟုတ်ဘူးဖေဖေ...သားအရင်ဖွင့်တာ သားအရင်ယူရမှာ"

"...."

ရှောင်ကျန့်ရှိရင်ရှောင်ကျန့်ကိုတိုင်တယ် အခုရှောင်ကျန့်မရှိတော့ မြို့အုပ်၀မ်ကိုတိုင်တယ် နှစ်ယောက်လုံးမရှိရင်တော့
ဖြင့် ဖုန်းဆက်ပြီး နှစ်ဖက်မျိုးရိုးလုံးကလူတွေကိုလိုက်တိုင်
သည် တော်သေးတယ် ဟိုအမွှာလေးတွေက အခုမှထိုင်တတ်
စအရွယ်လေးတွေနဲ့ စကားမပြောတတ်သေးလို့ ။

"ပေးဆို...."

"မရဘူး နင်တို့နှစ်ယောက်လုံးကအကျင့်မကောင်းဘူး"

"အကျင့်မကောင်းတာနင်လေ"

"ဖေဖေ! ကြားလား သူတို့နှစ်ယောက်ကသားကို နင်နဲ့ငါနဲ့
ပြောနေကြပြီ"

"၀မ်ရှောင်းရိ..၀မ်ရှောင်းအာ မရိုင်းနဲ့လေ ဖေဖေမကြိုက်ဘူး"

မြို့အုပ်၀မ်က သတင်းစာမှအကြည့်မလွှဲပြန်ပြောနေလေသည် စော်အောကသူတို့နှစ်ယောက်လုံးကိုပြောင်ပြသည်
မိန်းကလေးနှစ်ယောက်လုံးမှာမကျေနပ်ပဲ စော်အောကိုမခေါ်
တော့ချေ ကိုယ့်ဘာသာကိုယ်ပဲ ပုံဆက်ဆွဲနေတော့တယ်။

"ဖေဖေ..မီးမီးတို့နှစ်‌ယောက်ဆွဲထားတာလှလား"

ခဏ‌ပဲရှိသေးတယ် ပုံလေးလာပြသည် မိသားစုပုံလေးပဲ
မြို့အုပ်၀မ်ပြုံးလိုက်သည် ။

"ဒါက ဖေဖေ ဒါကပါးပါး ဒါကမီးမီးတို့နှစ်ယောက် ဒါကအိမ်တော်ကြီး ဒါကမောင်လေးတို့နှစ်ယောက်"

"ဟာ...တော်လှချည်လား ဖေဖေ့မင်းသမီးလေးတွေက
ကိုကိုစော်အောရော"

စော်အောကသူ့နာမည်ကြားလို့ ဘေးနားလာထိုင်ကာ ပုံကိုလာကြည့်သည် သူ့ပုံလည်းမပါချေ။

"ဘယ်မှာလည်းငါ့ပုံ"

"ကိုကိုစော်အောက အိမ်ထဲမှာ Tvကြည့်နေလို့မပါဘူး"
"ဟုတ်တယ် Tvကြည့်နေတယ်ဆိုတော့လည်း မီးမီးတို့ကမထည့်ပေးတာ"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now