jungkook လဲခပ်တည်တည်နဲ့ပင်ဝင်ထိုင်ရင်း အမှတ်မထင် နံရံပေါ်ကဓာတ်ပုံအားအကြည့်ရောက်မိတော့ min Hoon ဆိုတဲ့ကောင်ပုံ...။

ထိုပုံထဲတွင် ထိုဆရာဝန်ဘွဲ့ဝတ်စုံဖြင့် min Hoonက Taehyung ပါးကနမ်းနေကာ Taehyung ကပြုံးနေသောပုံဖစ်လေသည်။

ထိုပုံဖြင့် jungkook မျက်ခုံးတွေမြင့်တက်သွားရပြီး ထိုပုံကိုသာ စိုက်ကြည့်နေမိသည်။

ဒီကောင်က ဆရာဝန်ရဲ့ရည်းစားများလား...။

"သား...ကော်ဖီသောက်ပါအုံး Taehyung ကိုအန်တီသွားနိုးလိုက်မယ်နော်..."

"ခန...ကျွန်တော်သွားနိုးလို့ရလား..."

"အင်း အပေါ်ထပ်တက်သွားရင် ပထမဆုံးအခန်းပဲ..."

"ဟုတ်ကဲ့..."

jungkook လဲအပေါ်ထပ်တက်သွားလိုက်ပြီ ပထမဆုံးအခန်းက အညို​ေရာင်တံခါးအား ခေါက်လိုက်သည်။

အထဲကဘာမှပြန်မထူးသဖြင့် စိတ်မရှည်တော့တဲ့jungkookမှာ ဖွင့်ကာ ဝင်သွားလိုက်သည်။

အထဲရောက်တော့ တစ်ခန်းလုံးက အဖြူရောင်တွေနဲ့သာလုပ်ထားတာ သပ်သပ်ရပ်ရပ်လေးဖြစ်သည်။

jungkook အခန်းနဲ့တော့ဆန့်ကျင်ဘက်ပေါ့...။

ကုတင်ပေါ်ကိုကြည့်လိုက်တော့ ထိုဆရာဝန်က ဗိုက်တွေပါပေါ်နေကာ ဖြဲကားအိပ်နေလေသည်။

jungkook နှာခေါင်းရှုံမိသွားသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဘယ်လိုတောင် အအိိပ်ကြမ်းရတာပါ့လိမ့်...။

"အဟမ်း...အဟမ်း..."

jungkook သည် လုပ်ချောင်းဆိုးကာ နိုးနေပါသော်လည်း ချောင်းဆိုးရလွန်းလို့ လည်ချောင်းပါနာနေပြီ မထသေးသော ထိုဆရာဝန်အား ကိုင်ပေါက်ချင်လာသည်။

"ခင်ဗျားအခုချက်ချင်းထစမ်း..."

jungkook သည် အိပ်နေသော Taehyung ခြေ​ထောက်အား ဆွဲချလေသည်။

"အားးးး မေမေ..."

"ပါးစပ်ပိတ်ထား အော်မနေနဲ့..."

jungkook လက်တစ်ဖက်က Taehyung ပါးစပ်ကိုပိတ်ထားလေသည်။

အိပ်ချင်မူးတူးဖြစ်နေတဲ့ Taehyung တစ်ယောက်အခုမှ လက်ရှိအခြေအနေကို သတိထားမိကာ သူ့ပါးစပ်ပေါ်က jungkook လက်အားကိုက်ပါတော့သည်။

彡Unexpected true love彡(Completed )Where stories live. Discover now