Episode _ 23 🚨🚨🚨🚨

Start from the beginning
                                    

" အာ့!...  အွန်း... အွင်း!... အင့်!!!... အွန်း.... "

သူ့လုပ်ရပ်ကြောင့် ​သတိလက်လွတ်နဲ့ကြောင်အအဖြစ်နေတဲ့ကျွန်တော့်အောက်နှုတ်ခမ်းကို တေလွန်းကို အားနဲ့ဖိကိုက်လိုက်တဲ့အခါ နာကျင်မှုကြောင့် ကျွန်တော်အော်မိသည်။ ဒါကိုအခွင့်ကောင်းယူပြီး တေလွန်းက ကျွန်တော့်ခံတွင်းထဲကို ကျူးကျော်ဝင်ရောက်လာသည်။ မြွေတစ်ကောင်လို ကျွန်တော့်ခံတွင်းထဲတွင်လှည့်ပတ်ပြီး ကျွန်တော့်လျှာကိုပါ မြွေတွေမိတ်ဖက်ကြသလို အချင်းချင်းတွန့်လိမ့်ကာ အထက်အောက်ကစားတော့သည်။ ထိုအခါမှပဲ ကျွန်တော်လည်း လုံးဝအသိပြန်ဝင်လာပြီး တေလွန်းရဲ့လုပ်ရပ်ကိုတားဆီးဖို့ကြိုးစားသည်။ သို့သော် ကျွန်တော့်ကို သူခန္ဓာကိုယ်ကြီးနဲ့အောက်မှာဖိထားတဲ့အပြင် အင်အားချင်းမမျှတာမို့ ကျွန်တော်တက်နိုင်တာက ရုန်းကန်နေရုံမျှသာ။ ကျွန်တော် အားကုန်ရုန်းနေပေမဲ့ သူကတော့ တုပ်တုပ်မျှပက်မလှုပ်၊ ကျွန်တော့်နှုတ်ခမ်းကိုလုံးဝလွတ်မပေးဘဲ ရှေ့ဆက်တိုးနေဆဲဖြစ်သည်။ ကျွန်တော့်လက်တွေနဲ့ သူ့ကိုထုရိုက်ချင်ပေမဲ့ တေလွန်းက ကျွန်တော့်လက်နှစ်ဖက်စလုံးကို သူ့လက်တစ်ဖက်တည်းနဲ့ဖမ်းချုပ်ထားပြီး ကုတင်တိုင်မှာဖိကပ်ထားသည်။ တေလွန်းက အဲ့လောက်ထိ အင်အားကြီးမှန်း ကျွန်တော် တကယ်မသိခဲ့ပါ။ အချိန်အတော်အကြာထိ ကျွန်တော့်ခံတွင်းထဲဝင်ပြီး ကျွန်တော့်လျှာကို သူ့လျှာနဲ့အထက်အောက်ကစားနေတဲ့တေလွန်းက ကျွန်တော့်မျက်လုံးတွေကိုစူးရှရစ်မူးမှိုင်းဝေစွာ စိုက်ကြည့်နေဆဲ၊ လွတ်မြောက်လို့လွတ်မြောက်ငြား ကျွန်တော့်ရဲ့ခေါင်းကို ဘယ်ညာခါရမ်းနေပေမဲ့ ဘာမှထူးမလာပေ။ နောက်ဆုံး ကျွန်တော်ရုန်းကန်ဖို့အင်အားလုံးဝမရှိတော့တဲ့အပြင် အသက်ရှူရခက်ပြီး သတိလစ်တော့မလိုဖြစ်သွားတဲ့အချိန်မှသာ တေလွန်းက ကျွန်တော့်ကိုအလွတ်ပေးတော့သည်။ သို့သော် ကျွန်တော့်လက်တွေကိုတော့ ချုပ်ထားဆဲပင်။ တေလွန်းရဲ့လက်ထဲကလွတ်သွားပြီဆိုတာနဲ့ ကျွန်တော် ပထမဆုံးလုပ်မိတာက လေကိုအပြင်းအထန်ရှုရှိုက်ခြင်းဖြစ်သည်။ ထို့နောက် ဝမ်းနည်းစွာငိုမိသည်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now