ဖူဟန်သည် စောင့်ကြည့်ရေးစနစ်ကို ထိန်းချုပ်ပြီး သက်တော်စောင့်၏ ကြမ်းတမ်းစွာ နှင်ထုတ်ခံရသည့် ဗီဒီယိုကို ထုတ်ပြန်ရန် ပြင်ဆင်နေပါသလား။

ရင်းရှောင်ရွီးသည် သူ့ရဲ့ "ထူးချွန်သော စီးပွားရေးလုပ်ငန်းရှင်" ၏ ပုံရိပ် ပျက်စီးမည်ကို စိုးရိမ်သဖြင့် အဆိုးဆုံးကို မတွေးပဲမနေနိုင်ပေ။

"လောင်မာ ခဏနေပါဦး၊ အတည်ပြုပါရစေဦး"

လောင်မာက ရုတ်ချည်း သူ့လူတွေကိုပြန်ခေါ်လိုက်ပြီး စိုးရိမ်တကြီးနှင့်ပြောလာသည်။
"မင်း ဘာတွေကို စောင့်နေတာလဲ။ သူ့ကို အရင်ခေါ်သွားပြီး နောက်မှ အဲ့အကြောင်းကိုပြောကြလေ"

ရင်းရှောင်ရွီးသည် ဖူဟန်ကို ဖျက်ခနဲ ကြည့်လိုက်သည်။

ဖူဟန်သည် သူတို့၏ လုပ်ရပ်များကို လုံးဝ ဂရုမစိုက်သလို တည်ငြိမ်အေးဆေးနေခဲ့သည်။

"စိတ်မပူပါနဲ့ စောင့်ကြည့်တဲ့ကင်မရာ ပိတ်ပြီးရင် ငါတို့စကားပြောမယ်"
ရင်းရှောင်ရွီးက သူ့မှန်းဆချက်တွေကို ပိုသေချာလာကာ စောင့်ကြည့်မှုအခန်းကို အလျင်အမြန် ဆက်သွယ်လိုက်သည်။

လောင်မာက ပဟေဋ္ဌိ ဖြစ်သွားသည်။
"မစ္စတာရင်း.. သူ့ကို ကြောက်နေတာလား! သူ,မရပ်နိုင်သေးဘူးလေ..သူပြုတ်မကျသွားအောင် ယွီကျစ်ယွီပေါ်ကို မှီထားတာ၊ အခုပဲ သူတို့ကိုခေါ်သွားလိုက်! မင်း တကယ်ပဲ စိတ်ပူစရာမလိုဘူး..စောင့်ကြည့်ရေးစနစ်ကို နောက်မှ ဖျက်ဆီးလိုက်ရင် ပြီးပြီလေ!"

ရင်းရှောင်ရွီး အနီးကပ်ကြည့်လိုက်တော့ ဖူဟန်ရဲ့ခြေထောက်တွေ တကယ်တုန်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် အဲဒီအမူအရာက သူ့အတွက် တွင်းတူးထားပြီး ခုန်ချဖို့စောင့်နေသလိုပဲ။

"မဟုတ်ဘူး၊ သူဘယ်လောက်ထိ ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်ပြုနိုင်တယ်ဆိုတာ မင်းမသိဘူး၊ စောင့်ကြည့်မှုကိုပဲ အရင်အရယူ!"

လောင်မာ :"ဟမ်?"

ရင်းရှောင်ရွီးက အဓိကအကြောင်းတရားကိုတော့ လက်ခံနေတုန်းပဲ။
"သူ အခုထိမရပ်နိုင်သေးဘူးလေ၊ ဘာတွေအပြေးအလွှား ဖြစ်ရမှာလဲ?"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now