ခရီးဆက်ခဲ့တယ် မြို့အုပ်၀မ်က တစ်ဖက်ကကားစတီယာတိုင်ကိုကိုင်လို့ နောက်လက်တစ်ဖက်နဲ့ပဲ မုန့်ဘူးကိုဖောက်ကာ
အထဲကနေတစ်ခုကိုယူပြီးကိုက်လိုက်သည် ရှောင်ကျန့်သိပ်ကြိုက်‌သော ဒိုးနတ်မုန့်နဲ့ မာကာရွန်တွေပင်။

ရှောင်ကျန့်လိုက်ကြည့်နေမိသည် မြို့အုပ်၀မ်ပြောတာယုံခဲ့ရင်
ကောင်းသား ထပ်စမယ်လို့ ထင်နေခဲ့မိတဲ့ သူ့အတွေးတွေကို
ရိုက်ပစ်ချင်သည် ။

လက်လေးကမသိမသာနဲ့မြို့အုပ်၀မ်ပေါင်ပေါ်ကမုန့်ဘူးစီ
ရောက်သွားသည် မြို့အုပ်၀မ်ကသိပေမဲ့ဘာမှမပြော ကားကို
သာဆက်မောင်းနေတယ် ရှောင်ကျန့်ကမုန့်တစ်ခုကိုယူကာ
ကိုက်လိုက်သည် နောက်လည်းထပ်‌နိူက်တော့ မြို့အုပ်၀မ်က
မုန့်ဘူးကိုပေးတယ်။

"ယူလိုက်...မြို့အုပ်ကတော် ဗိုက်ဆာနေတယ်မဟုတ်လား"

"အင်း..."

ရှောင်ကျန့် အင်း တစ်လုံးပဲဖြေကာ မုန့်ဘူးကိုယူပြီး
စားနေလိုက်သည် ။

"ကျွန်တော့်ကိုတစ်ခု‌လောက်ကျွေးပါဦး..မြို့အုပ်ကတော်"

"...."

ရှောင်ကျန့်ကမာကာရွန်တစ်ခုကိုယူလို့ မြို့အုပ်၀မ်စီပေး
လိုက်သည် အတော်ကြာတဲ့အထိ မယူသေးချေ။

"ကျွန်တော်ကားမောင်းနေရလို့...ခွံ့ကျွေးပေးပါ မြို့အုပ်ကတော်"

"ဟ..."

မြို့အုပ်၀မ်ကပါးစပ်ဟပေးတော့ ရှောင်ကျန့်မှာ ဒိုးနတ်မုန့်
တစ်ခုလုံးကို ပါးစပ်ထဲပြည့်သိပ်ထည့်ပေးသည် မြို့အုပ်၀မ်မှာ ပါးစပ်ထဲတစ်နေတာကြောင့် ပြန်ထွေးထုတ်ရတယ်။

"မြို့အုပ်၀မ် ဘာလို့လဲ..."

"အချစ် ကိုယ့်ကိုဘယ်လိုကျွေးနေတာလဲ"

"လူလိုကျွေးလိုက်တာလေ...မစားချင်ရင်မစားနဲ့ပေါ့"

"....."

ရှောင်ကျန့်မှာတစ်ဖက်သို့ပြန်လှည့်သွားသည် မြို့အုပ်၀မ်လည်း ဘာမှပြန်မပြောတော့ချေ နေ့လည်ပိုင်းလောက်လေး
တင်မှာပင်လယ်ကိုရောက်တယ် အိမ်တော်ထိန်းကြီးကဖုန်းကြိုဆက်ပေးထားတာဖြစ်လို့ အခန်းကိုအလွယ်ရသည်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now