အခုချိန်မှသာ လုရွှမ်းဒါကိုတွေးရဲတာဖြစ်တယ်။ ရှာလကာရည်ဝယ်ဖို့သွားတဲ့လမ်းတစ်လျှောက်လုံး သူ့လက်မောင်းတွေက ယဲ့ယောင်ရဲ့ပုခုံးတစ်ဝိုက်မှာပင်။ အဲ့ဒီနောက် ယဲ့ယောင်အိမ်ကိုလိုက်လာခဲ့တယ်။

ဓာတ်လှေကားပေါ်ရှိ ယဲ့ယောင်တို့အိမ်တည်ရှိရာအလွှာနံပါတ်ကို လုရွှမ်းနှိပ်လိုက်သည်။ အဲ့ဒီနောက် ယဲ့ယောင်တို့အိမ်က တံခါးဘဲလ်ကိုလည်း ဖိနှိပ်လိုက်သည်။ သူ့ရဲလုပ်ဆောင်မှုတိုင်းက သူ့ကိုယ်ပိုင်အိမ်ကဲ့သို့ အလွန်ပုံမှန်ပင်ဖြစ်နေကာ အတော်လေးကျွမ်းကျင်နေ၏။

ယဲ့ယောင်ရဲ့မိဘတွေ တံခါးလာဖွင့်ပေးသည့်အခါ၌ လုရွှမ်းပုံစံမှာ စဥ်းစားချင့်ချိန်တတ်ပြီး ချစ်ဖို့ကောင်းသည့်အငယ်လေးလိုပုံစံပြောင်းလဲသွားသည်။ ဝမ်းသာအားရကြိုဆိုနေတဲ့လူကြီးနှစ်ယောက်ကို မျက်လုံးတွေအကျယ်သားနှင့်ပြုံးပြလိုက်ပြီး သူ့ကျောပိုးအိတ်ထဲမှ ကြိုတင်ပြင်ဆင်လာခဲ့သည့် အထူးစပါယ်ရှယ်ပစ္စည်းများကို ပေးအပ်လိုက်သည်။

ထိုပစ္စည်းများက လူတွေလက်မခံရဲလောက်အောင် တန်ဖိုးကြီးလွန်းနေတဲ့ပစ္စည်းတွေမဟုတ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ယဲ့ယောင်ရဲ့မိဘတွေအတွက် သူ့လက်ဆောင်ကိုအသေးစိတ်ရွေးချယ်လာခဲ့တယ်ဆိုတာ မြင်နိုင်ပေသည်။

"ဒီကလေးကတော့၊ ဒီကိုလာ၊ ဘာတွေသယ်လာတာတုန်း?" ယဲ့ယောင်ရဲ့အမေက အပြုံးလေးနှင့်ပစ္စည်းတွေကိုယူကာ ယဲ့ပါးပါးကို သူမနဲ့အတူအစားသောက်တွေပြင်ဆင်ဖို့ မီးဖိုချောင်ထဲတွန်းထုတ်လိုက်ရင်းဖြင့် ယဲ့ယောင်ကိုပြောလိုက်သည်။ "ယောင်ယောင်  ရှောင်လုကိုအရင်ဆုံးထိုင်ခိုင်းလိုက်ဦး။ အဆာပြေမုန့်လေးတွေစားထားကြ။ အစားအသောက်တွေအဆင်သင့်ဖြစ်ရင် မား မင်းတို့ကိုလှမ်းခေါ်လိုက်မယ်။"

ယဲ့ယောင် လုရွှမ်းအတွက်ရေတစ်ခွက်ငှဲ့လိုက်ပြီး မေးလိုက်သည်။ "တီဗွီကြည့်မလား?"

"ပေါက်ကရတွေ ငါတီဗွီမကြည့်ချင်ပါဘူး" ယဲ့ယောင်ကိုအိပ်ခန်းထဲခေါ်သွားဖို့  လုရွှမ်းမစောင့်နိုင်တော့ချေ။ သူတို့ဝင်သွားတာနဲ့တံခါးလည်းပိတ်သွားပြီး နောက်ဆုံး၌လုရွှမ်းရဲ့ဆန္ဒတွေပြည့်သွားကာ ယဲ့ယောင်ကိုပွေ့ဖက်လိုက်တော့သည်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now