"ဖိုးဖိုး...ဖွားဖွား!!!"

"ဟယ်တော့....ငါတို့ခွေးပေါက်လေးရောက်လာပြီလား"

"ရေး!! စော်အောလေးလာပြီ..."

စော်အောက မြို့အုပ်အိမ်တော်မှာစာလျှင်ဒီမှာပိုပျော်တယ်
ဒီမှာကလေးတွေများတာကို ။

"ဘယ်ကနေလာကြတာလဲ"

"ပါပါက...ရာလည်တာတဲ့"

"အော်..."

သတင်းစာဖတ်နေသော ရှောင်ဖိုးဖိုးကလည်းသတင်းစာကို
ဘေးချလို့ မျက်မှန်ကိုပင့်တင်လိုက်သည် ။

"ဖိုးဖိုး ကျန့်ကျန့်တို့..."

"မြေးအငယ်ဆုံးလေးနှစ်ယောက်အတွက် နာမည်စဉ်းစားပြီးသွားပြီ ရက်၁၀၀ပြည့်ကို ဒီမှာလုပ်ရမယ်..ငါတို့မျိုးရိုးတွေရဲ့
ရှောင်နာမည်လည်းပါတယ်..."

"ဟုတ်..ဟုတ်ကဲ့..."

"နှစ်ယောက်လုံးကမိန်းကလေးတွေဆိုတော့လည်း...သိပ်လည်းမစဉ်းစားရပါဘူး...အခုဘယ်ကနေမျက်စိလည်လာတာလဲ"

"လာလည်တာပါဆို..."

"လာလည်တာတစ်ခုထဲနဲ့တော့ မဖြစ်နိုင်ဘူး ရှောင်ကျန့် မင်း
အကြောင်းငါသိတယ် ဘာတောင်းမလို့လဲ"

"ဟီး....ဟိုလေ...ကျန့်ကျန့်မွေးနေ့ရောက်တော့မယ်လေအဲ့တာ..."

"မွေးနေ့လက်ဆောင်လား...ကျော်မကောင်းကြားမကောင်း
တွေတော့ဖြစ်ကုန်တော့မှာပဲ"

"ဟာ! ကျန့်ကျန့်ယောကျာ်းနဲ့ နှစ်ယောက်အတူတူ တိုင်ပင်
မလို့ လိုရမယ်ရ..ကလေးတွေကိုဒီမှာလာထားမလို့..."

မွေးနေ့မှာ မောင်နဲ့ ဟန်းနီးမွန်းထွက်ခဲ့တဲ့ ပင်လယ်ဘက်စီ
သွားချင်လို့ ကလေးတွေဒီမှာလာထားမလို့ပင် အဲ့တာကို
မားမားကဘာထင်သွားလဲတော့မသိ။

"ဟေ...အဲ့လိုလား ထားခဲ့ချည် ညနေ ကလေးနှစ်ယောက်ကိုလာခေါ်မယ်...အဖေရေ...ညနေကျရင်ဗေဒင်ဆရာစီထပ်သွား
ရအောင် နောက်ထပ်ကလေးနာမည်တွေ တွက်ရအောင်"

"အေးအေး..."

"ပါပါ..ဘယ်တွား..မို့ယဲ"

"လျှို့ဝှက်ချက်..."

"ဖေဖေ...တားကို ခေါ်တွားနော်..."

‌မြို့အုပ်၀မ်လက်ကိုကိုင်လို့ မျှော်လင့်သလိုလေးကြည့်
လာသည် ပါးပါးကသူ့ကိုမခေါ်သွားမှန်းသူသိသည်
ဖေဖေဆိုရင်သူ့ကိုသွားလေရာတိုင်းအကုန်ခေါ်တယ် ပါးပါး
ကအကျင့်ပုတ်ပြီး မထည့်ပေးတာပဲရှိတာ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now