''လက်ခံလိုက်ပြီနော်

လောလောလတ်လတ်fri ဖြစ်သွားသောအကောင့်ကို ဘာရယ်လို့တော့မဟုတ်ပဲ အပေါ်အောက်ဆွဲကြည့်ကာ စပ်စုမိ၏။

shareထားပုံတွေအရတော့ ရည်းစားရှိသည့်ပုံပင်။ ဟင်..။

''ဒါက..

နှုတ်ကနေပါ ချယ်အံ့အားတသင့်ပြောမိတော့ သူ့အကြည့်ကချယ့်ဆီရောက်လာသည်။

''ဒါ နင့်ရည်းစားလား

သူ့ပို့စ်အောက်မှာcmtရေးထားသည့်အကောင့်တစ်ခုကို ချယ်ပြလိုက်၏။ သူကခေါင်းညိမ့်ပြသည်။

''ဘာလို့လဲ

''ဟင့်အင်း..

ချယ်ခေါင်းလေးခါပြကာ ဆက်၍အံ့သြနေမိသည်။ အပြန်အလှန်ချစ်တယ်တွေပြောနေသောအကောင့်က မိန်းကလေးအကောင့်ဖြစ်နေတာကြောင့်ပင်။

''ဘာလို့လဲ လက်မခံနိုင်တဲ့လူစားထဲကလား ပွင့်ပွင့်လင်းလင်းပြောနော် ငါ့အတွက်သူငယ်ချင်းမရှားဘူး မကြိုက်ဘူးဆိုအေးဆေးပဲသူငယ်ချင်းမလုပ်ပဲနေလို့ရတယ်

''မဟုတ်ပါဘူး publicမှာပါချပြနိုင်လို့အံ့သြနေတာ ငါ့ချစ်သူကလည်းကောင်မလေးပဲလေ

ဒီတစ်ကြိမ်တော့လီဆာပါအံ့သြသွားပုံရ၏။

''တစ်ကယ်ကြီးလား

''အွန်း

''တိုက်တိုက်ဆိုင်ဆိုင်ဒီလိုဆုံရလို့ ဝမ်းသာပါတယ်

လက်ကမ်းပေးသောလီဆာ့လက်အား ချယ်ဝမ်းသာအားရပင်ဆုပ်ကိုင်လိုက်၏။ ထိုသို့ဖြင့် ချယ်နှင့်ကိုက်ညီသော သူငယ်ချင်းကောင်းတစ်ဦးကို ရရှိခဲ့လေသည်။
.
.
.
.
.
ချယ်နဲ့လီဆာတို့နှစ်ယောက်က အတော်လေးအတွဲညီသည်ဟုဆိုရမည်။ ဘယ်သွားသွား တစ်ယောက်အနားတစ်ယောက်အမြဲကပ်ပါတတ်သည်။

ချယ့်ကိုတော့လီဆာကသူ၏ကောင်မလေးဖြစ်သူဂျင်းနီနှင့်မိတ်ဆက်ပေးပြီး၍ချယ်နှင့်တောင်အတော်လေးခင်မင်နေခဲ့ပြီ။ မမနှင့်လီဆာကိုတော့ မိတ်ဆက်မပေးရသေးပါ။

စာသင်ချိန်ပြီး၍ညနေစောင်းသည်နှင့်ရေမချိုးခင်မမနှင့်ဖုန်းခဏဦးစွာပြောသည်။ ထို့နောက်ညစာလုပ်ပြီးလျှင်နှစ်ယောက်သားနာရီဝက်ခန့်စကားပြောကာအလွမ်းသယ်ကြသည်။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now