"ကျောင်းက မိန်းကလေး တွေကြား ရေပန်းစားပြီး၊ တို့လို ဆရာ တွေကြားမှာလည်း ချီးကျူး ရလောက်အောင် အရည် အချင်း ရှိတဲ့ ရှင့်ကို မသိပဲနေပါ့မလား"

"အဲ့လောက်တော့လည်း မဟုတ်ပါဘူးဗျာ၊ ဒါနဲ့ Jade က ဒီက Professorတစ်ယောက်ပဲလား"

"ဆိုပါတော့ "

ဒီလို့နဲ့ တေဇာ ရုံးခန်းထဲ မှာ ခဏ လောက် စကား​ ပြော နေလိုက်သည်။ ပြီးနောက် သူမကို နှုတ်ဆက်ပြီး စာရွက်တွေ သယ်ရင်း ကိုယ့် အခန်းကို ပြန်လာလိုက်သည်။

.......................................................

အခုဆိုရင် အချိန်က 2နာရီ ကျော်ကျော် လောက်ပဲရှိသေးသည်။ ခုရက်ထဲ တက္ကသိုလ် မှာ ပွဲ ရှိ၍ စာသိပ် မသင် မနက်ဖက် သင်တဲ့ အချိန်လေးလောက်သာ တက်ကျပြီး ပွဲ ကို သွားတဲ့ လူကသွားသည်။ ပြန်တဲ့ လူက ပြန်ကြသည်။ John ကတော့ပွဲကိုလိုက်သွားသည်။ တေဇာ ကိုလိုက်ဖို့ခေါ်သေးသော်လည်း မလိုက်ချင်၍ အိမ်ပြန်တော့ မည် ဟူသော အကြောင်းပြချက်ပေးကာ ငြင်းလိုက်တော့သည်။ တကယ်တော့ တေဇာ အိမ်ကိုလည်း မပြန်ချင် သေးပါ။ ဒါ့ ကြောင့် တက္ကသိုလ် ဝန်းထဲက ထားပေးတဲ့ ခုံ တန်းရှည် လေးမှာ ထိုင်လိုက်သည်။ ထို့နောက် လိုင်းသုံးဖို့ ဖုန်းကို ထုတ်လိုက်တော့ "ဆု"ဆီက messageတွေ ရောက်နေတာကို တွေ့လိုက်ရသည်။

စာတွေထဲမှာတော့ ဆုက သူ(တေဇာ) ဘယ်တော့လောက်ပြန်လာမလဲ၊ ပြန်လာဖို့ဘယ် နှလ လောက်လိုသေးလဲ လို့မေးထားသည်။ သူ(တေဇာ)ပြန်လာလို့ရှိရင်လည်း သူမက တေဇာ နှငိ့ဆွေးနွေးပြောဆိုလို သော ကိစ္စ ရှိကြောင်းရေးထားသည်။ face to faceသာ ပြောချင်၍ အမြန်ဆုံးသာ ပြန်လာခဲ့ပါလို့ ရေးထားသည်။

သူမ ရေးထားသော စာများကို ဖတ်၍ တေဇာ တွေးမိတာ တစ်ခုရှိသည်။ သူသံသယ ရှိတာတွေနဲ့ဆက်စပ်ကြည့်မယ်ဆိုရင် ဖြစ်နိုင်ချေများသည်။ ဟိုတလောက ဝေလင်းက ဆုနဲ့ ပက်သက်တဲ့ ဓာတ်ပုံ အချို့ပို့ပေးခဲ့သည်။
ပုံထဲတွင် ဆုသည် အမျိုးသားတစ်ဦးကို လက်တွဲကာ cafeဆိုင် တစ်ခု ထဲ ဝင်သွားတဲ့ပုံတွေ၊ထို အမျိုးသားနဲ့ အစားအစာတွေ စားနေပုံတွေဖြစ်သည်။ အလားတူပုံတွေကို သုတ နဲ့ အခြား တေဇာရဲ့ မိတ်ဆွေလည်း ပို့သည့ယ်။ အကယ်၍ ထိုပုံတွေ ထဲကလိုသာ အမှန် အကန် ဖြစ်နေရင်လည်း တေဇာ့ဘက် က ဘာမှ ကန့်ကွက် ခွင့် မရှိဘူးလို့ထင်ပါသည်။ ယူကတည်းကလည်း သူများပေးစား၍ ယူကြရသည်။ အခု သူမကို ပျော် အောင်ထား​ပေး နိုင်မည့် အမျိုးသားနှင့် သာ သူမ လက်တွဲမယ်ဆိုလည်း တေဇာ ရဲ့ ဘက် က လိုက်လျော ပေးရမှာ အသေအချာပင်ဖြစ်သည်။ ကိုယ့်လိုကောင်ကို လင်ယောက်ျား တော်ထား ရလည်း သူမ အတွက် ကောင်းတာ ဘာမှ မရှိမယ့် အတူတူ သူမ ကိုတကယ်ချစ်တဲ့လူရဲ့ လက်ထဲ ကို ထည့်ပေးရမည်သာဖြစ်သည်။ သိုပေမဲ့ သူမရဲ့ ဆန္ဒ ကတော့ဘယ်လိုရှိခည်း မသိပါ။ သူမရဲ့ ဆန္ဒ အတိုင်းသာ ဖြစ််စေဖို့ တေဇာ ဆုံးဖြတ်ချက် ချထားသည်။

Bad Guy (လူဆိုး)Where stories live. Discover now