Part-1

740 37 7
                                    

Unicode

ပေကျင်းမြို့၏ တောင်တက်လမ်းတစ်နေရာတွင်
ကားလေးတစ်စီးပုံမှန်အမြန်နှုန်းဖြင့်မောင်းနှင်နေသည်။

"မာမား.."

ကားထဲမှ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့အသံသေးသေးလေးတစ်ခု..

"အင်း သားလေး"

"ပါပါးနဲ့တား ဘယ်သူ့ကိုပိုချစ်ရဲဟင်"

မျက်လုံးဝိုင်းလေးများဖြင့်မပီတပီမေးလာပုံကချစ်စဖွယ်အတိ..

အမေဖြစ်သူမှချက်ချင်းမဖြေပဲစဥ်းစားနေသလိုလုပ်နေတာကြောင့် ကလေးလေးကစိတ်မရှည်ဟန်..

"ဟွန့်..မာမားက တားကိုချစ်တယ်လို့ချက်ချင်းလည်းဖြေဝူး မာမားကတားကိုမချစ်ဝူး.."

ဆူကာပုပ်ကာဖြင့်လက်ကိုပိုက်မျက်စောင်းကိုထိုးလို့ပြောလာပုံကအသည်းယားဖွယ်ကောင်းလွန်းတာကြောင့် အမေဖြစ်သူကပါးဖောင်းဖောင်းလေးကိုအသာညစ်လိုက်သည်။

"မာမားကပါပါးကိုပိုချစ်တာတဲ့ "

ကားမောင်းနေရာမှလှည့်ကာပြောလာသောအဖေဖြစ်သူရဲ့စကားကြောင့်နဂိုထော်နေသောနှုတ်ခမ်းလေးမှာပို၍ပင်ဆူထော်လာကာ..

"ဟွန့် တားကိုပိုချစ်တာမာမားက ပါပါးကိုချစ်ဘူးတဲ့ ဟုတ်တယ်နော်မာမား"

"ဟုတ်ဘူး ပါပါးကိုပါဆို"

"တားကိုလို့..."

ငိုတော့မည့်ကိန်းဆိုက်တာကြောင့်အဖေဖြစ်သူဆက်မစတော့ပါပဲ..

"အားယိုး ပါပါးရောမာမားရောက ဟောဒီ့ကတစ်ဦးတည်းသောတစ်ယောက်တည်းသောအလိမ္မာတုံးလေးကိုပိုချစ်ရတာပါခမျာ"

ငိုမယောင်ရှုံ့မဲ့နေရာကနေချက်ချင်းထရယ်လာတဲ့ကလေးလေးကြောင့်အဖေနဲ့အမေမှာသဘောတကျရယ်ရပါသေးသည်။

အပြုံးတွေဝေ့သီလို့သီချင်းတွေအော်ဆိုကာ ပျော်ရွှင်နေကြတဲ့မိသားစုလေးဟာဖြင့် လမ်းအကွေ့တစ်နေရာအရောက်တွင်တော့...

"ရှေ့မှာကား..ကား..."

"ဒုန်း.."

"မာမား..."

အရှိန်ဖြင့်မောင်းနှင်လာသောကုန်တင်ကားတစ်စီး ကားမောင်းသူမှာ ဦးထုပ်နဲ့maskအမည်းကိုတပ်လို့ ရှေ့ကားထဲမှမိသားစုကိုလှမ်းကြည့်နေသည်။
အမေ့ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ်အဖက်ခံထားရသည့်ကလေးလေးရဲ့မျက်လုံးတွေဟာ ထိုလူကိုတစ်မိနစ်လောက်သာမြင်ခွင့်ရလိုက်ပြီးနောက်အမှောင်ထဲသို့..

Mystery and Love(ဆန်းကြယ်မှုများနှင့်အချစ်)Where stories live. Discover now