song recommended : Erutan [ itsumo nando demo (always with me) ]
.
.
.ကျွန်တော့်ဘဝရဲ့တစ်ခုတည်းသောအလင်းရောင်က ကိုကိုဖြစ်ခဲ့တယ်။
တခြားလူတွေအတွက် ကမ္ဘာကြီးကဆက်လည်ပတ်နေခဲ့ပေမယ့် ကျွန်တော့်ကမ္ဘာကြီးကတော့ အဲ့ဒီ့နေ့မှာဘဲရပ်တန့်သွားခဲ့ပါတယ်။
ကျွန်တော့်ဘဝရဲ့တစ်ခုတည်းသောမှီခိုအားကိုးရာ တစ်ခုတည်းသောတွယ်တာချစ်ခင်ရတဲ့ နေရောင်ခြည်နဲ့တူတဲ့ ကျွန်တော့်ရဲ့ကိုကို~~~
.
.
."ညီမရယ် ကလေးကိုမလုပ်ပါနဲ့ဟယ် "
နံနက်ခင်းတိုင်းဟာ ချန်းယောင်းဆိုတဲ့ကလေးတစ်ယောက်အတွက် မသာယာခဲ့ပါဘူး။
အချိန်ပြည့်မာန်မဲရိုက်နှက်နေတဲ့အမေနဲ့အချိန်ပြည့်မူးပြီးလမ်းတကာမှာလိုက်အိပ်တတ်တဲ့အဖေ။
ကလေးတစ်ယောက်နဲ့မလိုက်ဖက်စွာ ပါးဖောင်းဖောင်းလေးမှာလည်းအမေ့ရဲ့လက်သည်းရှည်များဖြင့်ကုပ်ဖဲ့ထားသော ဒဏ်ရာများအပြည့်။
ခန္ဓာကိုယ်သေးသေးလုံးလုံးနဲ့မလိုက်ဖက်စွာ ဝမ်းကွဲဆွေမျိုးတစ်ချို့ကအစ်ကိုတွေကပေးထားတဲ့ အင်္ကျီပွပွရှည်ရှည်တို့က ခြေထောက်ကကျော်၍ အောက်သို့ပုံကျနေသည်။ ခြေဗလာလေးကလည်း ဖုန်သဲတို့ဖြင့်ပေတူး၍နေသည်။
ဆံပင်ခပ်ရှည်ရှည်နဲ့ အင်္ကျီပခုံးကျလေးဖြင့် အမေ့ရိုက်ချက်များကြားလက်ညိုးလေးကိုက်၍ငိုနေသည့် 5နှစ်အရွယ်ကလေးလေးက မြင်ရသူများအဖို့စိတ်မကောင်းစရာ။
"မွေးမလာသင့်တဲ့ကလေး မွေးလာထဲကဘာကောင်းကျိုးမှမပေးဘူး နင့်ကိုရိုက်သတ်မယ် လာစမ်း"
ခြံထောင့်လေးမှာမတ်တပ်လေးရပ်ရင်း လက်ညှိုးလေးပါးစပ်ထဲထည့်ကာငိုနေတဲ့ကလေးကို အမေအရင်းဖြစ်သူက အသည်းအသန်မာန်မဲပြီးဆွဲဆောင့်နေတာကြောင့် ဘေးကနေမနေနိုင်တဲ့ မေမေကဆွဲနေရသည်။
"လာ ညီလေး ကိုကို့ဆီလာ "
သူခေါ်လိုက်တော့ မျက်ရည်များကြားပေတလူးနေတဲ့မျက်နှာလေးဖြင့်သူ့ကိုကြည့်လာတဲ့ကလေးလေး။
YOU ARE READING
Light ( One Short)
Short Storyကမ္ဘာကြီးကဆက်ပြီးလည်ပတ်နေခဲ့တယ် ... ပန်းတွေလည်းဆက်ပြီးပွင့်နေကြတုန်းဘဲ ... ကျွန်တော့်ရဲ့ကမ္ဘာကြီးကတော့အဲ့ဒီ့နေ့မှာဘဲရပ်တန့်သွားခဲ့ပါတယ် ... ပိုးစုန်းကြူးလေးတွေရှိနေသရွေ့ ကျွန်တော့်နဲ့ကိုကိုကလည်းရှိနေဦးမှာပါ ... Lee ChanYoung 💔