"မင်္ဂလာပါ ဂျွန်ဂျောင်ကုလို့ခေါ်ပါတယ်~"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်~"
နှုတ်ဆက်ရုံကလွှဲပြီး မိတ်ဆွေမဖွဲ့တတ်တဲ့ဂျောင်ကုက
တစ်နေလုံးတစ်ယောက်တည်းဘဲဖြစ်နေပြီး
ညနေရောက်တော့ ဂုဏ်ပြုပွဲတက်ရောက်ရတယ်။
"ပထမနှစ်တွေကိုဂုဏ်ပြုတဲ့အနေနဲ့တိုက်တာမို့လို့
စိတ်ကြိုက်သောက်ကြပါ~"
"Nae~ကျေးဇူးတင်ပါတယ်စီနီယာ~"
"အရေးကြီးတဲ့စီနီယာတွေကိုမိတ်ဆက်ပေးမယ်~~"
ကျောင်းဂုဏ်ပြုပွဲမှာ အားလုံးကပျော်ပျော်ပါးပါး
စားသောက်နေကြဘေမဲ့ ဂျောင်ကုကတော့
ဘီယာတစ်ခွက်လေးကိုတောင်မသောက်နိုင်ဘဲ
အသားကင်ကိုသာစားနေလေရဲ့~
"ဟေ့ ဒီဘက်ကိုလာ~"
"Ok~"
"မင်္ဂလာပါစီနီယာ~"
"မင်္ဂလာပါ အေးဆေးသောက်ကြ~"
"နောက်ကျတယ်နော်ဟေ့ကောင်~"
"အေးကွ~"
နည်းနည်းနောက်ကျမှရောက်လာသူစီနီယာတစ်ယောက်က
သဘောကောင်းပြီး အရမ်းကိုချောမောတာကြောင့်
ဂျောင်ကုရင်ခုန်မိတာအမှန်~
*သူကချောလိုက်တာ နတ်သားတစ်ပါးလိုဘဲ~*
"ဟေး တစ်ယောက်တည်းထိုင်နေတာလား~"
"ဟုတ်..ဟုတ်ကဲ့~"
အကြည့်မခွာနိုင်ဘဲ ဆက်တိုက်ကြည့်နေမိရာကနေ
သူ့ရှေ့လာထိုင်လိုက်တဲ့စီနီယာကောင်လေးကြောင့်
ဂျောင်ကုမှာစကားတွေထစ်လို့~
"ဟဟ~ပေါ့ပေါ့ပါးပါးနေပါ ဘယ်majorကလဲ~"
"သရုပ်ဆောင်မေဂျာက ဂျွန်ဂျောင်ကုပါ စီနီယာ~"
"ဟုတ်လား ကိုယ်ကကင်မ်ထယ်ယောင်း
သရုပ်ဆောင် စီမံခန့်ခွဲရေးမေဂျာက ရှေ့လျှောက်အများကြီးတွေ့ရဦးမှာပါ~"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်~"
"ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်သောက်ပေးပါ့မယ်~"
"ဟုတ်ကဲ့ပါ~"
*ဘာလဲဟ အူကြောင်ကြောင်နဲ့~*
YOU ARE READING
~~Mask~~{Complete}