Chapter: 91~92

1.1K 137 2
                                    

Chapter: 91

ဒီတစ်ခါ  လန်ယင်ရှန်းဘာမှပြန်မပြောနိုင်ခင်မှာပဲ စုန့်စီက သူ့ကိုမျက်စောင်းထိုးရင်း  ပြောလိုက်တယ်။
"ဘာကိုအန်တီလေးလဲ  ကျွန်မတို့ ခုထိလက်မထပ်ရသေးပါဘူးနော်!"
လုချီဟန်က ခပ်ပြုံးပြုံးနဲ့ သူမဆီချဉ်းကပ်ကာ
"မင်း ထွက်ပြေးနိုင်မယ်လို့  ထင်လား"

ထိုအခါစုန့်စီသည်  အကဲပိုလွန်းသည့်လူကို  မျက်ဖြူလှန်ပြလိုက်ပြီး ဘေးနားကနျန်းယန်ရွှမ်းကို တံခါးဆီ  ဆွဲထုတ်လိုက်ရင်း

"ရှင်တို့ စကားပြောနှင့်ကြ၊ ကျွန်မနဲ့ယန်ရွှမ်းက  သီးသန့်ပြောစရာရှိလို့"

"..."

ထို့နောက်  မိန်းကလေးနှစ်ယောက်သည် ရပ်ကွက်ထဲမှ ခိုးခိုးခစ်ခစ်ထွက်သွားကြလေသည်။

***

ထိုမှသာ  စုန့်စီသည် မျက်နှာမသာမယာဖြစ်နေသော ကောင်မလေးကို စိုက်ကြည့်လိုက်ကာ

" ယန်ရွှမ်း  မစ္စတာဟော်  လန်ယင်းရှန်းကို ကယ်တင်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး  အတွေးသိပ်မများနေနဲ့။"

"အမ်။"   အစ်မစုန့်စီက အရမ်းထူးဆန်းတယ်လို့  နျန်းယန်ရွှမ်းထင်မိသည်။

နောက်ဆုံးတွင် စုန့်စီသည် ဘေးကင်းပုံရသောလမ်းကြောင်းဆီသို့ရောက်သည်အထိ ရပ်တန့်လိုက်ပြီး ထူးဆန်းသည့်စကားများဆိုနေပြန်သည်။

" ယန်ရွှမ်း  ဟော်လင်းချန်ကို  လန်ယင်ရှန်းကြောင့်နဲ့ စိတ်မဆိုးနေနဲ့၊ နားလည်လား"

"အစ်မစုန့်စီ  ညီမကို တကယ်ပဲဘာပြောချင်နေတာလဲဟင်   ညီမတကယ် စိတ်ရှုပ်နေပြီ..."

သို့နှင့်ပင် စုန့်စီသည် သူမ၏ရှုပ်ထွေးနေသော  အမူအရာကိုသတိထားမိသွားကာ မနေနိုင်စွာ ရယ်မောလျက် 

"အစ်မကိုကြည့်ပါဦး၊ စောနက အရမ်းအလျင်လိုနေတာနဲ့  ညီမကလန်ယင်ရှန်းနဲ့ အမြဲတမ်းဆုံနေကြတာကို မေ့သွားတယ်"

ထို့နောက်  စုန့်စီက အသံကို လျှော့၍  ဆက်ပြောလိုက်တယ်။

"အဲ့ဒီကလေးမက ဘာတွေ တွေးနေလဲမသိဘူး၊ ကျင်ချန်းရဲ့ ချစ်သူကောင်မလေးအမ်... ရည်းစားလို့ သတ်မှတ်လို့ ရတယ်၊ သူမ တခြားတစ်ယောက်နဲ့ စေ့စပ်လိုက်ရတာက အဲ့ဒီကလေးမကြောင့်ပဲ"

President Huo's little wifeWhere stories live. Discover now