"အင်း...အင်း..."

"‌မယားငယ်မကလည်း ပြန်လာမယ်ဆိုရင်လည်း ဘာလို့ဟို
ကောင်ကမစောင့်နေတာလဲ သူဘာလို့အားယားပြီးယူသေးလဲ
ဟုတ်တယ်မှတ်လား..."

"အင်း..."

"ဟိုမယားငယ်မကနိုင်ငံခြားပတ်ပြီး လင်တွေအများကြီး
ပတ်ယူပြီးမှ၀လို့ ဒီကောင်စီပြန်လာပြီးမြှူစွယ်တာ ဟွန်း...
တော်တော်နှံ့တာပဲ"

"အဲ့ ၀တ္ထုတွေကို အချစ်ကဖတ်တာပဲလား"

"အင်းလေ...ဒီထက်အများကြီးဖတ်သေးတာ "

"...."

"အဲ့မှာလေသိလား ဒုတိယဇာတ်ကောင်မင်းသားကပေါ်လာပါလေရော အရမ်းချောတာပဲသိလားမောင်...တက်သစ်စမင်းသားဖြစ်မယ် အရမ်း အရမ်းချောတာပဲ..."

"အချစ်...အိပ်ရအောင်...တော်တော့နော်"

"ဟင့်အင်း...နောက်ပိုင်းဇာတ်ရူပ်တွေကကျန်သေးတယ်
မောင်ရဲ့ ကောင်းခန်းရောက်လာတော့မှာ..."

ရှောင်ကျန့်ကသာပြောနေပေမဲ့လည်း မြို့အုပ်၀မ်မှာအိပ်ငိုက်
နေလေပြီ နားကလည်းငြီးသလားမမေးနဲ့ ချစ်လို့သည်းခံပြီး
နားထောင်ပေးနေရတာ နားတွေပါပူလာလေပြီ အိပ်တော့ဆိုလည်းမရဘူး...ရှောင်ကျန့်ကမောမှန်းတော့သိသား ဘေးနားမှာ ရေဘူးချထားပြီးပြောတယ်လေ။

"နောက်ဆုံးတော့လေ အဲ့မယားငယ်မကသေသွားတယ်သိလား..."

"...."

ရှောင်ကျန့်ပြောနေရင်းနဲ့ မြို့အုပ်၀မ်ကိုကြည့်လိုက်တော့ ခေါင်းကငိုက်စိုက်ကြလို့ အိပ်ပျော်နေလေပြီ ရှောင်ကျန့်လက်ကမြို့အုပ်၀မ် ပါးအနားကိုသွားလို့ ဖတ်ခနဲအသာလေးရိုက်ချလိုက်သည်။

"ဘာ...ဘာလဲ"

"မအိပ်နဲ့ဦး...ထဦး ကျန့်ကျန့်ပြောလို့မပြီးသေးဘူး..."

"အချစ်ရယ် ကိုယ်အိပ်ချင်နေပြီ မနက်ဖြန်အမတ်၀န်တွေနဲ့
တွေ့ရမှာ..."

"ခဏလေးပါမောင်ရယ် ကောင်းခန်းရောက်နေပြီ ကျန့်ကျန့်ပြောချင်ဆုံးအပိုင်းပဲ"

"...."

"အဲ့မယားငယ်သေသွားတော့လေ မင်းသားကဘာလုပ်တယ်
ထင်လဲ မယားကြီးကိုပြန်ကပ်တယ်လေ သူကွာရှင်းတုန်းက
သူမဟုတ်တဲ့အတိုင်းပဲ အရှက်မရှိမျက်နှာပြောင်နဲ့..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Место, где живут истории. Откройте их для себя