💔💔💔
.................
"ဒီလင်နဲ့လင်တို့အိုအောင်မင်းအောင်ပေါင်းဖက်သွားမည်ဟုကျိန်ဆိုပါသလား"
"အင်း"
"ဒီဖက်သတို့သားလေးကရော အသက်ထက်ဆုံးတိုင်ထိ အိုအောင်မင်းအောင်ပေါင်းဖက်သွားမည်ဟုကျိန်ဆိုပါသလား"
"ဟုတ်ကဲ့..ကျွန်တော်ကျိန်ဆိုပါတယ်"
"ဒါဆို လက်စွပ်အချင်းချင်းအလဲအလှယ်လုပ်နိုင်ပါပြီ"
မင်းသစ္စာမောင် သတို့သားအရံဆီမှနေ လက်စွပ်ကိုယူလိုက်ပြီး သူ့သတို့သားရဲ့လက်ကိုလှမ်းကိုင်လိုက်သည်။တစ်ဖက်က တစ်ချက်တွန့်သွားပေမဲ့ ခဏလေးပါပဲ။ သူဟာလက်ထဲမှလက်စွပ်ကို သူ့သတို့သားရဲ့လက်သူကြွယ်၌စွပ်ပေးလိုက်၏။ သွယ်လျကြည့်ကောင်းသည့်သူ့သတို့သားရဲ့လက်မှာတောက်ပနေသည့် စိန်လက်စွပ်ကိုကြည့်ကာ မင်းသစ္စာမောင်၏ပျော်ရွှင်မှုတို့တိုးလာရသည်။
အဲ့ဒီနောက်မှာတော့ မင်းသစ္စာမောင်ဟာသူ့ရဲ့လက်ကိုရှေ့ကိုထုတ်ပေးလိုက်ကာ သူ့ရဲ့သတို့သားကိုမော့ကြည့်လိုက်သည်။ တစ်ဖက်ကလူဟာ အေးစက်စက်ဖြင့်သာပြန်စိုက်ကြည့်လာပြီး ဘာလှုပ်ရှားမှုမှမရှိချေ။ဘေးမှသတို့သားအရန်၏ချောင်းဟမ့်မှုကိုထွက်ပေါ်လာတဲ့အခါမှ လက်စွပ်ကိုမယူချင်ယူချင်ဖြင့်ယူလိုက်ပြီး သူ၏လက်၌ဖြစ်ကလဲ့ဆန်းစွပ်ပေးလိုက်တာကြောင့် လက်သူကြွယ်ကိုမစွပ်မိပဲ လက်ခလယ်၌စွပ်မိသွားလေသည်။ စိန်လက်စွပ်ဟာခပ်သွယ်သွယ်ရှိသော မင်းသစ္စာမောင်၏လက်ခလယ်၌တဝက်တပျက်နှင့်တည်ရှိနေ၏။ ဒါကိုသတို့သားဟာမြင်ပေမဲ့ ပြန်ပြီးပြင်မဝတ်ပေးပဲအကြည့်လွှဲသွားလေသည်။မင်းသစ္စာမောင်ဟာ ထိုအပြုအမူအပေါ်စိတ်ထဲမထားစွာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လက်စွပ်ကိုအများသူမမြင်ခင် သူ့ရဲ့လက်သူကြွယ်၌မသိမသာပြန်စွပ်လိုက်သည်။
"ကဲ..ဒီသတို့သားနှစ်ဦး အနမ်းဖလှယ်လို့ရပါပြီ"
(ဖာသာ)၏စကားဆုံးသည်နှင့် စင်အောက်ကလူတွေဟာလည်း "နမ်းကြဟေ့"ဟု ကျယ်လောင်စွာအော်ပြောလာကြတော့သည်။ မင်းသစ္စာမောင်ဟာရှက်ပြုံးကလေးပြုံးကာ သူ့ရဲ့လက်တို့ဟာလည်း စိတ်လှုပ်ရှားမှုကြောင့် ချွေးစေးတို့ဖြင့်စိုစွတ်နေသည်၊မင်းသစ္စာမောင်ဟာ သူ့ရဲ့သတို့သားကိုမျှော်လင့်တကြီးကြည့်လိုက်သည်။ သတို့သားဖက်မှ သူ့အားနမ်းလာမည်ကိုရင်ခုန်စွာဖြင့် စောင့်ဆိုင်းနေလေတော့သည်။
YOU ARE READING
| My husband hates me | ongoing
Romanceမင်းသစ္စာမောင်🖤 "ကျွန်တော့်အနေနဲ့က.. ကျွန်တော်သိပ်ချစ်ရတဲ့ ကိုကို့ဆီကအလိုချင်ဆုံးအရာကတော့ 'ဂရုစိုက်မှုနှင့်ချစ်ခြင်းမေတ္တာ'တွေပါပဲ။ ကျန်တာဘာမှမလိုအပ်ပါဘူး။" ~~~~~~~~~~~~• သွင်လင်းထိုက်ရှိန်း❤ "အဟက်'အချစ်'ဟုတ်လား? ငါချစ်ရတဲ့လူနဲ့ငါ့ကိုကွဲကွာစေပြီး ...