သစ္စာရဲ့ကတိ P-5

476 36 2
                                    

သစ္စာရဲ့ကတိ

အပိုင်း(၅)


မိုးတစ်ယောက်‌သင်္ချာချိန်မှာထူးထူးဆန်းဆန်းစိတ်၀င်တစားလိုက်နားထောင်နေသည်။ဘေးနားကပန်းကတော့မိုးရဲ့ယခုအပြုအမူကအနည်းငယ်တော့ထူးဆန်းနေသည်။
မိုးအခုလို့ကြိုးစားပမ်းစားစာလိုက်မှတ်နေရခြင်းမှာအဖေကြောင့်ဖြစ်သည်။အဖေသည်ယနေ့Guideဆရာမလေးတစ်ယောက်ခေါ်ထား‌ကြောင်းပြောသည်။မလိုအပ်ဘူးပြောပေမဲ့အဖေကမဖြစ်မနေသင်ရမယ်လို့ပြောသည်မို့မငြင်းနိုင်ခဲ့ပါ။စာအုပ်ထဲမှာသာစာစုံနေပေမဲ့သင်ခန်းစာတော်တော်များများကိုလိုက်နားမထောင်ခဲ့၍နားမလည်နေပါ။ထို့ကြောင့်ယခုရသလောက်လေးခေါင်းထဲကိုစာတွေသွင်းနေရခြင်းဖြစ်သည်။

မုန့်စားကျောင်းဆင်းချိန်

"မိုး မေးစရာရှိတယ်"

"မေးလေ"

"ဘာလို့ဒီနေ့စာလိုက်လုပ်နေရတာလဲ ပုံမှန်ဆိုငါစီကဘဲကူးနေကြလေ"

"ဒီနေ့Guideဆရာမ‌လာမှာလေ သူဘာမေးမေးမသိဘူးဖြေနေရင်ကောင်းမှမကောင်းတာ အဲတော့ရသလောက်လေးမှတ်နေတာ"

"တစ်သက်လုံးကျုရှင်မယူဘာမယူလုပ်နေပြီမှအခုကြတော့အထူးဆန်းပါလား"

"ငါသဘောနဲ့ငါသာဆိုမတက်ဘူး အဖေကမတက်ရင်အပြင်ထွက်ခွင့်ပိတ်မယ်ဆိုလို့"

"ကောင်းပါတယ်လေ ၁၀တန်းနှစ်ဆိုတော့ဂရုစိုက်ဖို့လိုတယ် အခုလို့ဆရာမနဲ့သပ်သပ်ပြန်တင်တာကောင်းတယ်"

"အောင်ရင်ရပါပြီဟာ"

"ဟယ်...အမှတ်တွေကအရေးကြီးတယ်လေ နင်တက္ကသိုလ်မတက်တော့ဘူးလား"

"စဉ်းစားတုန်းပဲ"

"နင်ကျောင်းပြီသွားရင်ဘာလုပ်စားမှာလဲ"

"မသိသေးဘူး...နင်ရော"

"ငါကတော့ဆရာ၀န်ဖြစ်ချင်တယ် လူနာတွေရဲ့အသက်ကိုကယ်တင်ပေးရတာကတကယ်ကြည်နူးဖို့ကောင်းနေမှာအသေချာပဲ"

"အေးပါ လုပ်ပါ...ငါတော့ဆရာ၀န်မလုပ်ချင်ဘူး"

"လူတိုင်းမှာကိုယ်စီဖြစ်ချင်တာရှိမှာပဲ အဲတော့နင်လည်းဘာဖြစ်ချင်လဲဆိုတာစဉ်းစားထား"

သစ္စာရဲ့ကတိWhere stories live. Discover now