(1.7)

358 79 2
                                    

Unicode

1.7 - ဒါက သင်္ချာဆရာတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းလား?။

___________________

စားပွဲထိုးလေးခမျာ နောက်သို့ခြေနှစ်လမ်းဆက်တိုက်ဆုတ်လိုက်မိပြီး လှည့်ပြေးထွက်သွားသည်။ ပြီးတော့ ဂရုတစိုက်ဖြင့် 110နှင့် 120ကို လှမ်းဆက်သွယ်သည်။

ဒဏ်ရာရရှိထားသူများနဲ့ ရှန်ယွီကို အရေးပေါ်လူနာတင်ယာဥ်က ခေါ်ဆောင်သွားပြီးနောက် ပိုင်ရှုယန်သည် ကျူးလွန်သူတရားခံတစ်ယောက်အဖြစ် ရဲစခန်းသို့ပို့ဆောင်ခံခဲ့ရသည်။

ရဲစခန်းတွင် ရဲနှစ်ဦးက ပိုင်ရှုယန်နဲ့မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်လျက်ရှိနေသည်။

ရဲအရာရှိကြီးက လေးနက်စွာပြောသည်။

"ဒီရန်ပွဲက အသေးအဖွဲဆိုပေမယ့် ပြည်သူ့လုံခြုံရေးကိုချိုးဖောက်တာအပြင်၊ ပြင်းထန်တဲ့ရာဇဝတ်မှုဆိုင်ရာဥပေဒေကို ချိုးဖောက်ထားတယ်လို့ သတ်မှတ်နိုင်တယ်....မင်းက ကျောင်းဆရာတစ်ယောက် မဟုတ်လား.....ဘာကြောင့် ဒီလောက်ထိတောင် စိတ်မြန်လက်မြန်နိုင်ရတာလဲ"

"ရဲအရာရှိကြီးရယ်....ခင်ဗျားကျွန်တော့်ခံစားချက်ကို နားလည်မှာပါ....ကျွန်တော်က ကျောင်းဆရာတစ်ယောက်ဖြစ်နေလို့ကို ဒီလိုအလွန်အကျွံကျောင်းတွင်းအကြမ်းဖက်မှုကိစ္စတွေမှာ ငြိမ်နေလို့မရဘူးလေ"

ပိုင်ရှုယန်က သက်ပြင်းအသာချလျက် ရိုးရိုးသားသားပြော၏။

"ကျောင်းသားရှန်ယွီက ကျွန်တော်မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးကျောင်းသားကောင်းတစ်ယောက်ပါ....သူ့အချက်အလက်တွေကိုလည်း အရာရှိကြီးတို့မြင်ဖူးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်....သူ့အဖေက မသန်စွမ်းဒုက္ခိတတစ်ယောက်လေ.....သူတစ်ယောက်တည်း အလုပ်တစ်ဖက်နဲ့ စာလုကျက်နေရပေမယ့် ကျောင်းမှာထူးချွန်တဲ့အဆင့်ကို ဆက်ထိန်းထားနိုင်နေတုန်းပဲ....ဒီလိုလုပ်နိုင်ဖို့ မလွယ်ကူပါဘူး....သူ့လိုလူမျိုးက ဒီလိုဆက်ဆံမှုမျိုး မခံစားသင့်ဘူး...."

ရဲတွေဟာ ဒီကိစ္စ၏အတွင်းရေးအလုံးစုံကို စုံစမ်းစစ်ဆေးပြီးနောက် ရှန်ယွီ၏အတွေ့အကြုံအပေါ် စာနာစိတ်အပြည့်ဖြင့် ကူကယ်ရာမဲ့သလိုခံစားရ၏။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now