"ဘာ!"

"အွန်း...မီးမီးတို့လာမှာ ပါးပါး အခုထဲကနေလေ ဖိုးဖိုးကြီးကို
နာမည်စဉ်းစားထားလိုက်တော့နော်လို့"

"မဟုတ်မှလွဲရော...နင်တို့နှစ်ယောက်..."

"ဟီး...ပါးပါးရဲ့အာရုံစိုက်‌မူ့တွေလုယူဖို့အတွက် မီးမီးတို့လာခဲ့မယ် ပါးပါးချစ်တယ်!"

ကလေးမလေးနှစ်ယောက်ကသူ့ကိုတင်းကြပ်စွာနဲ့ဖက်ထားတယ် ရှောင်ကျန့်ရုန်းပေမဲ့လည်းမရပါ။

"လွှတ်လို့ပြောနေတယ်နော်...လွှတ်ဆို!"

ရှောင်ကျန့်ထထိုင်မိသည် နာရီကိုကြည့်လိုက်တော့ ၃နာရီ
ထိုးနေလေပြီ ဘေးဘက်ကိုကြည့်လိုက်တော့ သူတို့အခန်းပဲ
ပြန်ရောက်နေလေတာ မောင်ကလည်းငြိမ်သက်စွာနဲ့အိပ်လို့။

"ဟင်း....လာပြန်ပြီပေါ့....ယူကြဟေ့...မင်းတို့ဖေဖေအချစ်တွေကိုပဲ ယူကြ...ငါ့စီကနေလုယူမဲ့ဟာလေးတွေ....အကျင့်မကောင်းတဲ့ဟာလေးတွေ..."

ရှောင်ကျန့်ကပြန်လှဲရင်းနဲ့ မြို့အုပ်၀မ်ကိုတင်းစွာဖက်ထားတယ် ။

"အင်း...ဘာဖြစ်လို့လဲအချစ်..."

"အိမ်မက်မကောင်းဘူး"

"ဘာအိမ်မက်မို့လို့လဲ ခွေးလိုက်ကိုက်လို့လား"

"မဟုတ်ဘူး....အဲ့ထက်ဆိုးတယ်"

"ဘာအိမ်မက်လဲ..."

"သိချင်နေတာပဲ! နောက်ထပ်ကလေးနှစ်ကောင်ဗိုက်ထဲရောက်လာပြီ သိရဲ့လား"

"တကယ်!"

"ဟုတ်တယ် ဘာလဲ ပျော်တယ်မှတ်လား "

"ပျော်တာပေါ့ အချစ်ရယ်...အချစ်ပင်ပန်းသွားခဲ့ပြီနော်
ဘာလေးတွေ့ခဲ့လဲ သမီးလေးလား"

"ဟုတ်တယ်! မောင်လိုချင်နေတဲ့သမီးမိန်းကလေး"

"ဒါပဲလေ! ဟား...ဟား! ကျေးဇူးတင်ပါတယ် အချစ် မွှ"

"‌ပျော်ပေါ့ ကျန့်ကျန့်ကတော့ အပယ်ခံကြီးဖြစ်နေတော့မှာ"

"အပယ်ခံမဖြစ်ရစေပါဘူး ကိုယ်တစ်ယောက်လုံးဂရုစိုက်ပေးမှာကို"

"အဲ့ဂရုစိုက်မူ့က လာမဲ့ဗိုက်ထဲကနှစ်ယောက်အတွက်လေ"

"ကိုယ့်အချစ်‌အတွက်လဲပါတာပဲကို"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now