Chapter:90 "အန်တီလေးလို့ခေါ်"

Start from the beginning
                                    

*****
အခန်းထဲမှရုတ်တရက်ထွက်လာသောနျန်းယန်ရွှမ်း သည် သူမ၏ပူနွေးနေဆဲမျက်နှာကိုဖုံးရန်မျက်နှာဖုံးအသစ်ရှာရန် သူ့အခန်းထဲသို့ အမြန်ပြန်သွားခဲ့ရသည်။

နောက်ဆုံးတွင်၊ ဟော်လင်းချန်သည် နျန်းယန်ရွှမ်း၏ ပြင်ဆင်မှုအောက် လက်နက်အပြည့်အစုံကို ကိုင်ဆောင်ထားလျက် နေကာမျက်မှန်နဲ့ မျက်နှာဖုံးတပ်ထားရင်း သူ့ကို မည်သူမှအသိအမှတ်မပြုနိုင်တော့ပေ။ ဒါကိုနျန်းယန်ရွှမ်းက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ လုပ်လိုက်ပြီးနောက် နှစ်ယောက်သား အိမ်ကြီးမှ ထွက်လာခဲ့သည်။

****
သူတို့သွားနေတဲ့ဆေးရုံကို ကျုံးဟိုင်ချန်က ကြိုတင်ချိန်းဆိုထားခဲ့ပြီဖြစ်သည်။ အားလုံးပြီး တော့ နှစ်နာရီလောက်ကြာသွားပါတယ်။

ယခုတွင် ဟော်လင်းချန်သည် နျန်းယန်ရွှမ်း ၏လက်ကို ဆုပ်ကိုင်ထားရင်း ဆေးရုံမှ ထွက်ခွာမသွားသေးဘဲ အတွင်းလူနာဌာနသို့ လျှောက်သွားလိုက်သည်။

"ကျွန်မတို့ ဘယ်သွားမလို့လဲ" နျန်းယန်ရွှမ်းက သူ့ကိုကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"အတွင်းလူနာဌာနကို သွားမယ်၊ ယင်ရှန်းက ဆေးရုံမှာ ရှိနေသေးတယ်။"

"..."

သူမတို့နှစ်ယောက် ရပ်ကွက်တံခါးဝသို့ လျှောက်သွားလိုက်သည်နှင့် အခန်းတွင်း၌ လန်ယင်ရှန်း၏ ပျော်ရွှင်ဖွယ်ရယ်မောသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူမသည် ထိုလူ၏ နှုတ်ခမ်းထောင့် အနည်းငယ်ကွေးတက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

သူမ တိတ်တဆိတ် ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။

ထိုမိန်းကလေးသည် ဟန်ရှောင်းနဲ့ လီကျင်ချန်းတို့နှင့်အတူ ရပ်ကွက်အတွင်းရှိ ကုတင်ဘေးတွင် ထိုင်နေသည်။ ထိုအချိန်တွင် ဟန်ရှောင်းက လန်ယင်ရှန်းနဲ့အတူ ရယ်မောနေကြသည်။

ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကို မြင်လိုက်ရတော့ လန်ယင်ရှန်း ၏ မျက်လုံးများက ရုတ်တရက်လင်းလက်တောက်ပသွားပြီး သူမက ဟော်လင်းချန်ဆီကို ကသုတ်ကရက် ပြေးဖက်ရင်း

President Huo's little wifeWhere stories live. Discover now