မဂ်လာပွဲအတွင်း မဂ်လာတေးသံတွေပြန့်လွင့်လာခြင်းနှင့်အတူ လျှောက်လှမ်းလာသော အဖြူရောင် ဂါဝန်ဝတ်ဆင်ထားသည့် သူငယ်ချင်းမလေးသဲသဲကိုတစ်လှည့် နာရီပိုင်းအတွင်းပိုင်ဆိုင်ရတော့မည့်ဇနီးသည်လေးအား မျက်ရည်အိုင်ပေါက်အောင်ငိုရင်းကြည့်နေသည့် ထိပ်တန်းအားတစ်လှည့်ကြည့်နေကြသည်မှာ ဥသုန်တို့တစ်ဖွဲ့လုံးပင်။
"သုန်"
ကျွန်တော်လှည့်ကြည့်လိုက်သည်နှင့်လက်စွပ်ရှိရာ လက်ဖမိုးလေးအား လက်မဖြင့်ခပ်ဖွဖွပွတ်၍လာရောက်ဆုတ်ကိုင်လိုက်သည့် အသက်လေးက နားနားကိုပါ တိုးကပ်လာ၍
"အားမကျပါနဲ့ မကြာခင် သုန်လည်းမောင့်ကို ပိုင်ဆိုင်ရတော့မှာ"
"အင်း အားမကျပါဘူး ကိုယ့်အသက်က ကိုယ့်ကိုသူတို့ထက်ပိုချစ်တယ်လေ"
တစ်ယောက်ကိုတစ်ယောက်လက်ချင်းဆက်၍ပြုံးကြည့်နေကြသည်မှာ သတို့သားသတို့သမီးနှင့်အပြိုင်အဆိုင်။
ထို့နောက် နောက်ခုံမှ ညီဖြစ်သူအသံထွက်လာတော့၏။
"အဟင်း သတိလေးဘာလေးထားကြပါဦးသူများမဂ်လာဆောင်နော် ကိုယ့်မဂ်လာ
ေဆာင်လို့အထင်မှားနေမှာစိုးလို့"
သူရအသံကြောင့် အသက်လေးက ဥသုန်လက်အားဆုတ်ကိုင်ထားလျက်မှ နောက်သို့တစ်စောင်းလှည့်လိုက်ကာ
"ဒီမှာ သူရ ငါတို့အတွက်က နေ့ရက်တိုင်းက
မဂ်ဆောင်လိုဘဲ"
"ဟုတ်ပါ့ ပြောလိုက်အသက်"
"အံ့ဩပါရဲ့"
"ဝေါ့ ဝေါ့"
ညီဖြစ်သူနှင့်သူငယ်ချင်းဖြစ်သူထံမှ တုံ့ပြန်မှုများကြောင့် ဥသုန်ရော အသက်ပါ ဟက်ဟက်ပက်ပက် ရီလိုက်မိကြပါ၏။
ထို့နောက်မဂ်လာပန်းစည်းပစ်သည့်အချိန်တွင် ပန်းစည်းဖမ်းမိသူမှာ သတ္တိဖြစ်နေတာမို့ အားလုံးအံ့ဩခဲ့ရသလို သူရငြိမ်းလည်း အဲ့ထက်မလျော့အောင် အံ့ဩခဲ့ရပါ၏။
ပွဲအပြီး သတို့သားနှင့်သတို့သမီးမှ ဥသုန်တို့ဘက်လျှောက်လာချိန်တွင်တော့
"ဘယ်လိုလဲ တော်တော်မှပျော်နေကြရဲ့လား"
သတ္တိရဲ့စကားအား ထိပ်တန်းမှ ရီသံရော၍
YOU ARE READING
ကိုယ့်အသက် [Completed]
Romanceအသက်လေးနှစ်ကွာတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ ငယ်သံယောဇဉ်တွေမှ စတင်ခဲ့တဲ့ ဇာတ်လမ်းလေးဟာ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုချစ်ခြင်းတရားတွေနဲ့ ကျော်ဖြတ်သွားကြမလဲဆိုတာ "ချစ်ခြင်းတရားဆိုတာကြီးကိုနားမလည်သေးခင်အချိန်ကတည်းက ကျွန်တော်သုန့်ကိုချစ်နေမိခဲ့တာလို့ပြောရင် သုန်...
![ကိုယ့်အသက် [Completed]](https://img.wattpad.com/cover/361525736-64-k421306.jpg)