အပိုင်း(၆)

29 3 0
                                        

၂၀၁၅ခုနှစ် ဖောဖော်ဝါရီလ ၁ရက်နေ့

ဆောင်းရာသီမကုန်သေးတဲ့ မနက်ခင်းဆိုပေမယ့် မန္တလေးရဲ့ ရာသီဥတုအရ သိပ်ကြီးလည်းချမ်းအေးမနေပေ။ ဥသုန်တစ်ယောက် အပေါ်ထပ်လက်ရှည်အပါးလေးတစ်ထည်ကောက်ဝတ်ကာ ကျောင်းသို့သွားရန်အတွက် ခြံထဲရှိကားလေးဆီသို့လျှောက်လာစဉ် ခြံတံခါးဝမှာမြင်လိုက်ရတဲ့ အဖြူရောင်ပုံရိပ်လေးကြောင့် ကားဆီသွားနေသောခြေလှမ်းများအား ခြံဝသို့ ဦးတည်လိုက်ကာ

"ဒီကလေး ဒီနေ့နောက်ဆုံးစာမေးပွဲစဖြေရမှာမဟုတ်ဘူးလား စောစောစီးစီးဘာလာလုပ်တာပါလိမ့်"

သူ့ကိုမြင်သွားဟန်ရသော အဖြူလက်ရှည် အစိမ်းရောင်ပုဆိုးလေးဝတ်ထားသည့်၁၅နှစ်သားလေးက ခန္ဓာကိုယ်လေးတောင့်ခနဲဖြစ်သွားကာ နောက်တွင် ကွယ်ထားသော လက်များကိုလည်းပို၍လုံခြုံအောင် ကွယ်ဝှက်လိုက်သလိုပင်။ သူ့အနီးသို့လျှောက်လာနေသောဥသုန်ကိုလည်း မျက်တောင်မခတ်ကြည့်နေသည်မှာ မျက်တောင်ခတ်လိုက်လျှင် ပျောက်သွား‌တော့မည့် အရာတစ်ခုနှယ်။

"ဟေ့ အသက် ခြံရှေ့ဘာရပ်လုပ်နေတာလဲ အထဲဝင်ခဲ့လေ အနွေးထည်လည်းမပါဘူး တော်ကြာစာမေးပွဲတွင်းကြီး အအေးပတ်ပြီးဖျားနေဦးမယ် ဟေ့ ကြားလား ကိုယ်ပြောတာကို"

"ဟုတ် ဟုတ်ကဲ့ဗျ ကြားပါတယ်"

"အဟက် ကိုယ့်အသက်လေး ဒီနေ့ဘာဖြစ်နေတာလဲ မှန်မှန်ပြောစမ်း"

ဥသုန် ပြောနေရင်းမှ ခြံတံကားဖွင့်ကာ အသက်လေးခေါင်းပေါ်က ဆံနွယ် နုနုလေးများအား ပွတ်သပ်ပေးလိုက်တော့ အသက်လေးက ဥသုန့်လက်ဖျံလေးအား သူ၏လက်ကလေးတစ်ဖက်ဖြင့် လာရောက်ဆုပ်ကိုင်လိုက်သည်။

"ဟို ကျွန်တော်သုန့်ကိုပြောစရာရှိလို့ပါ"

"အင်းပြောလေ အသက်ရဲ့"

နှစ်ယောက်သား ခြံရှေ့ရပ်နေကြလျက်သာ ဖမ်းဆုပ်ထားသော လက်တို့ကိုလည်းလွှတ်ပေးမလာဘဲ ရပ်နေမိတာ မိနစ်ပိုင်းမျှအကြာ ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်းတိတ်ဆိတ်လျက် တစ်ယောက်မျက်ဝန်းတွေကိုတစ်ယောက်ဖတ်နေမိကြသည်။ ထိုအချိန်အသက်လေးရဲ့မျက်ဝန်းထဲကလေးနက်မှုတွေကိုလည်း ဥသုန်အပါအဝင် အိမ်ရှေ့ကပိတောက်ပင်ပေါ်မှာနားနေတဲ့ ငှက်ကလေးများမှလွဲ တစ်ခြားသူသိလိမ့်မည်မဟုတ်ချေ။
ထို့နောက်ထွက်ပေါ်လာသော စကားသံအေးအေးမှာ ဥသုန် ကမ္ဘာကြီးဗြောင်းဆန်သွားရ၏။

ကိုယ့်အသက် [Completed] Where stories live. Discover now