အပိုင်း(၂၃) 🚨

46 2 0
                                        

"မရဘူး အသက် ပြန်တော့"

"ဟာ သုန်ကလည်းဗျာ မောင်ကျအိမ်မှာတစ်ယောက်ထဲဖြစ်နေမှာပေါ့"

"လူ‌ကဖြင့် ကျားကိုးစီးစားမကုန်ဘူး တစ်ယောက်ထဲဖြစ်တော့ဘာဖြစ်လည်း "

"မောင်တကယ် မနေတတ်ဘူးသုန်"

"မရဘူး ကိုယ်တို့ကလမ်းခွဲထားတာ အခုထိ တစ်လမပြည့်သေးဘူးလေ"

"၂၂ရက်လောက်ဘဲ ကျန်တော့တာကို ခွင့်ပြုပေးပါလားဟင် နော် နော်လို့သုန်"

"အသက်!!"

"ပြီးရောဗျာ မနေဘူး ပြန်ပြီ"

ဆံပင်တွေကိုထိုးဖွ၍ စူပုပ်ပုပ်ထွက်သွားသူလေးအား ကြည့်ကာ အသံထွက်အောင်ပင် ရီလိုက်မိသည်မှာ ဥသုန်နှင့်အတူ သူရပါ ပါသည်။

ဥသုန်တို့ မိဘနှစ်ပါးမှာ ဥသုန်ကျောင်းပြီးကတည်းကဝါတွင်းတိုင်းတရားစခန်းဝင်လေ့ရှိကြသည်။ မေမေနွယ်ကတော့အခုမှ ပထမဆုံးအတူလိုက်ချင်သည်ပြောလာသောကြောင့် မေမေတို့ကခေါ်သွားဖို့ဆုံးဖြတ်လိုက်ကြသည်။ အစက ဥသုန်ဆေးရုံဆင်းကာစမို့ ဒီနှစ်တော့ မဝင်တော့ပါဘူးပြောနေကြသည်မို့ "သားကိုကုသိုလ်ရေး ပိတ်ပင်မှုနဲ့ငရဲကြီးအောင်လုပ်မလို့လား" ဟု မေးလိုက်မှသာ လူကြီးများက စိတ်မချတချနှင့်ဒီနေ့မနက် တရားစခန်းသို့သွားကြပြီပင်။ ဒါကို အခွင့်ရေးသမားလေးက နေ့လည်ထဲက သူ့အိမ်ထဲမှာတစ်ယောက်ထဲ မနေရဲလို့ပါဟုဆိုကာ တကျီကျီလာပူဆာနေခြင်းပင်။အစက လိုက်လျောမိခါနီးမှ ကိုယ့်ကိုယ်ကို ပြန်တင်းထားရသည်။ လမ်းခွဲထားပါတယ်ဆိုတာတောင် အချိန်ပြည့်ကပ်နေသူမို့ အိပ်ချိန်လေးတော့ ခွဲ‌စေရန် ဖြစ်သည်။

"ကိုကို"

"ဟင်"

ဥသုန်အသက်လေးကြောင့် ပြုံးနေမိသည့်မျက်နှာကို အမျှင်မပြတ် ပြုံးထားမိရင်းမှ ပြန်ဖြေလိုက်သည်။

"ကိုကို သိလား မြဲကလေ ကိုကိုနဲ့ကျမှ ဒီလိုပုံစံမျိုးနဲ့မြင်ရတာ ကိုကို့ကွယ်ရာဆို သူကတစ်ခြားတစ်ယောက်လိုဘဲ"

"ဟုတ်လား ဘယ်လိုကွာလို့လဲ"

"အခုဘဲကြည့်လေဗျာ သူခုနကလိုချွဲတာတို့ ကလေးဆန်ဆန်ပြုမူတာတို့ပြုံးတာတို့ဆိုရင် သားတောင် ကိုကိုနဲ့မှမြင်ရတာဗျ အဲ့တာကြောင့် မြဲဒီကိုပြန်ရောက်ခါစက
မြတ်သာကပြောတာ ငါAmericaမှာ သိခဲ့တဲ့မြဲက အတုလားအစစ်လားတဲ့"

ကိုယ့်အသက် [Completed] Donde viven las historias. Descúbrelo ahora