"ဖယ်ဘူး ~ ပြောပြလို့ ~ အောင်မှတ်ဖိုးလေးပဲလေ ~ဟင် !"

"အရိုးမရှိသလို အတင်းကို ကပ်နေတော့တာပဲကွာ~ ပူတယ်ကွ ~"

ကင်မ့်စွမ်းအားကို ဒီပေါက်စက ဘာထင်နေလဲမသိ။တစ်ခုခုဆို ဒါနဲ့ပဲ။ကင်မ့်အနေနဲ့ သိဖို့မခက်ပေမယ့် ကျင့်ဝတ်ဖောက်ပျက်ရာတော့ ရောက်သည်။ဘယ်လိုပဲ နတ်ဘုရားဆိုဆို လူ့ဘုံမှာ ဝင်ရောက်နှောင့်ယှက်တာက စည်းနဲ့မညီ။ဒီပေါက်စနဲ့မှ လူသားတွေကြားလည်း မသိမသာဝင်ပါရသည်။ဒီတစ်ခါတော့မရ။

ကိုယ့်အားကို မကိုးချင်တဲ့ဟာလေးကို လွှတ်ထားပေးလိုက်မည်။

"ပြောပြလေလို့ ~ "

"မရဘူး !"

"မပြောလည်း နေကွာ ! ဘဲကြီး ! သူ့မှာ အစွမ်းရှိတယ်ဆိုတိုင်း မာန်တက်နေတာ !"

"ဘာရယ် !"

"လာမခေါ်နဲ့ ! ခင်ဗျားကြီးအိမ် ခင်ဗျားပြန်တော့ ! နည်းနည်းလေးမှ မလွမ်းဘူး !"

ဂျောင်ကု စိတ်မရှည်တော့။ဒီလောက်ပြောနေတာ တုံ့တုံ့ပင်မလှုပ်တော့ ထိုင်ရာက ထရပ်က အော်ပစ်လိုက်သည်။သွားပေါ့ ! အရင်ကလည်း ပစ်ထားခဲ့တာပဲဟာကို။ကြည့်နေ လုံးဝကို မေ့ပစ်မှာ။

ကောင်မလေးတွေ အများကြီးထားပြီး မေ့နိုင်အောင် လုပ်မှာ!

"ဟူးးး ! စာတွေရယ် ! ဒီဂျွန်ဂျောင်ကုကိုပဲ လုပ်သွားလိုက်ကြပါတော့ !"

ငြိမ်သက်သွားတဲ့ ခဏမှာ လူကြီးကလည်း ဘာမှမပြောသလို ဂျောင်ကုလည်း စာကြည့်စားပွဲပြန်ထိုင်ရသည်။ဝဋ်ကြီးလိုက်ပုံများ။စာ ' ဆိုတဲ့အရာကြီးက နည်းနည်းမှ စိတ်ဝင်စားစရာမရှိတာကို ထိုင်ကြည့်နေရသည်။မတတ်နိုင် ပညာတတ်မှ အထင်ကြီးပြီးလူရာဝင်တဲ့ သောက်တလွဲလူတွေကြား ရပ်တည်နိုင်ဖို့ လုပ်ရအုံးမှာပဲ!

"ခူးး~~"

"စာတွေ သိပ်ရနေပါအုံးမယ် ~"

ကင်မ် ခေါင်းအသာခါမိသည်။ပြောလိုက်ရင် မိုးပေါ်ကမဆင်းဘူး။ပြီးရင် ပြောင်းပြန်တွေ။ခုလည်း အဟုတ်မှတ်လို့ ထိုင်စောင့်နေတာ။ဘယ်လောက်မှမကြာ ခေါင်းမှောက်သွားချေပြီ။

The KIMOn viuen les histories. Descobreix ara