Part-16

253 21 1
                                    

(Unicode)

"အားလုံးပဲ ပင်ပန်းသွားပြီ အိမ်ရောက်ရင် မျက်လုံးတွေကို သေချာအနားပေးပါ ပြိုင်ပွဲကဘယ်လောက်မှမလိုတော့ဘူး''

တေဇမာန်ရဲ့စကားကြားလိုက်သော အသင်းသားတွေက လှုပ်''ရွ''ဖြစ်ကာ အကုန်ထောက်ခံကြသည်

မနက်၇နာရီလောက်ထဲက စပြီးလေ့ကျင့်နေကြရသည်မို့ ခါးတွေလည်းညောင်းညာကိုက်ခဲနေကြသည်

"အားလုံးပဲ ပြန်လို့ရပြီ''

"ငါလည်း ပြန်တော့မယ်တေဇ''

"ဪအေး ပြန်လေ''

"ဟိုတယောက်...''

မြိုင့်ကိုကြောင်တောင်တောင်လေးဖြင့် ရပ်ကြည့်နေသော နှောင်းအားမြိုင်ခေါ်လိုက်ခြင်းဖြစ်သည်

"ဗျာ.. ဟုတ်ကဲ့''

"အမနဲ့လိုက်ခဲ့''

"ဗျာ ဘာ...ဘာဖြစ်လို့လဲဟင်''

"ဪ...ဒီကလေးမနဲ့လည်း ဘာတွေအထိတ်တလန့်ဖြစ်နေတာလည်း အမမင်းကို စကိတ်ပြန်ဝယ်ပေးမလို့''

"အာ စကိတ်လား မဟုတ်တာဗျာ''

"အပိုစကားတွေမဆိုစမ်းနဲ့ အမကဝယ်ပေးမယ်လို ့တွေးထားရင် မရရအောင်ပြန်ဝယ်ပေးမှာ''

"လာ ကြောင်ကြည့်မနေနဲ့ သွားမယ်လုပ် ''

"ဟုတ်...ဟုတ်ကဲ့''

မီမီသော်ကတော့ သူတို့၂ယောက်ကိုကြည့်ရင်း

"ဟဲ့''

"နင်နော် ငါတို့ရဲ့အဖိုးတန်လေးကို သေချာစောင့်ရှောက်ခေါ်သွားနော်''

"အေးပါဟာ''

"သွန်း နင်အဆင်ရောပြေရဲ့လား''

"ငါလား ပြေပါတယ်''

မီမီသော်ဒီနေ့ သွန်းဆက်မြိုင်အား အားရင်အားသလိုစနောက်နေပါသော်လည်း သွန်းက ပြုံးယောင်ယောင်လေးသားပြုံးပြ၍ မည်သည့်စကားမှဆက်မဆိုတော့

သွန်းဆက်မြိုင်ဒီနေ့တခုခုတော့ ဖြစ်နေမည်ကို တေဇမာန်နှင့် မီမီသော် ခန့်မှန်းမိလေသည်

ယင်းတို့နှင့်အတူ နှောင်းသစ်ခက် မှာလဲ တကြည့်နှင့် အကဲခတ်နေလေရဲ့

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now