Part-9

446 30 8
                                    

[Unicode]

တီ.....
အိမ်ရှေ့မှ ကားဟွန်းသံနှင့်အတူ မောင်ပြန်လာချေပြီ

ပုံမှန်လိုပဲ မောင့်ကိုအိမ်ရှေ့မှာ ထွက်ကြိုရန် အတွေးတွေရဲ့အချုပ်အနှောင်က ရူန်းထွက်လာခဲ့တော့သည်

မောင် ကျမကိုမြင်တော့ တခုခုကိုအပြစ်လုပ်ထားသလို မောင်က ကျမမျက်လုံးတွေကိုကြည့်မနေဘူး ကျမမျက်လုံးတွေကနေ ချက်ချင်းအကြည့်လွဲသွားသည်

"မောင်​ပြန်လာပြီလား မစောင့်နေတာအတော်ကြာပြီ''

မောင်အရင်လို မဟုတ်ဘူး တခုခုပြောင်းလဲသွားတယ် မောင့်အပြုံးတွေက အသက်မပါပဲ  ကျမကိုပြုံးပြနေပြန်ပြီ

"ဘာလို့စောစော အိပ်မနှင့်လဲမ ''

"မဘယ်တုံးက မောင်မရှိပဲ အိပ်ဘူးလို့လဲမောင်ရယ်''

ထိုက်ဘာစကားမှ မဆိုနိုင်တော့ချေ ခနတာတိတ်ဆိတ်မိသွားသည်

" မောင် ဒီနေ့အလုပ်နည်းနည်း များသွားလို့ပါမရယ် မဟုတ်ရင်စောစောပြန်လာပါတယ်''

"အွန်း ရပါတယ် ထမင်းရောစားပြီးပြီလား''

"စားပြီးပြီ မရဲ့''

"ရှင်းသန့်ဝတီ ပြန်ရောက်နေပြီမလား မောင်''

မရဲ့အမေးကြောင့် ကျတော့်ရင်တွေ ရုတ်တရပ်ထိတ်လန့်မိသွားသည် မရဲ့စကားလုံးတွေက နူးညံနေပေမဲ့ နည်းနည်းလေးအေးစက်နေသလိုပဲဟု ကျတော်ခံစားမိသည်

ခနတာ တိတ်ဆိတ်ပြီးသွားတဲ့နောက်မှာ ထိုက်ရဲ့က ပြန်ဖြေလာတော့တယ် မြိုင်သဘောမကျတဲ့ အဖြေတခုပေါ့

"ဟုတ်တယ်မရဲ့''

"မောင် ဒီနေ့သူနဲ့တွေ့လာတာမလား''

တဖြေးဖြေးနဲ့ လေထုတွေဟာ အေးစက်လာတယ် အသံတွေကလည်းတိတ်ဆိတ်လို့နေသလို မောင့်ရဲ့ခပ်မြန်မြန်အသက်ရှူ သံတွေကိုတောင် မြိုင်ကြားနေရတယ်

'မောင် မကို ငြင်းလိုက်ပါလား မောင်ရယ်'

"ဪ ခနတော့တွေ့လိုက်ပါတယ် သူငယ်ချင်းတွေမတွေ့ရတာကြာလို့ ''

မောင့်အသက်ရှူသံတွေ ပိုပိုမြန်လာတယ်နော် မောင်မငြင်းဘူးပဲ

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now