Unique teacher(1)

Start from the beginning
                                    

...............
အချိန်တွေကုန်လွန်လာကာ ညနေ အချိန်ကိုပင် ရောက်ရှိလာတော့သည်။

တေဇာ အိမ်ရှေ့ ဧည့်ခန်းမှာ ထိုင် ရင်း လဏ ဖုန်းသုံး ရင်း သူတို့ အလာကို ထိုင်စောင့်ပေနေလိုက်သည်။

နောက်တော့ ခြံရှေ့မှာ ကား ရောက်လာတောကြောင့် တေဇာ ထွက် ကာ တံခါးဖွင့် ပေး လိုက်သည်။

ပြီးနောက်ကားကို အိမ်ရှေ့ ဆင် ဝင် အောက် တွင် ရပ်စေကာ ၊ သူက နောက် ကနေပြန် လျှောက်လာခဲ့သည်။

"အိမ်ထဲဝင်ပါ ကို မင်းထင်"

ပြောပြီး အိမ်ထဲကို တေဇာ ခေါ်လိုက်သည်။

"ဟုတ် ကိုတေဇာ ၊ ငွေသော်တာ လာလေ"

ခေါ်တော့ ကား ပေါ်က ကောင် လေးတစ်ယောက်ဆင်းလာသည်။

တေဇာ ကြည့် မနေတော့ဘဲ sofaပေါ် ကထိုင် စောင့် နေတော့သည်။
နောက် ကနေ ကို မင်းထင်တို့ တူဝရီး တွေ ဝင်လာသည်။

ကိုမင်းထင် နောက်က ပါလာတဲ့ ကောင် လေး ကို တေဇာ အကဲ ခတ်နေလိုက်သည်။

ကောင်လေးက 17/18 အရွယ်လေးဖြစ်ကာ
အကောင်သေးသေး၊ဖြူဖြူသွယ်သွယ်ဖြစ်ကာ၊ မျက်ကပ် မျက်မှန် ခရမ်းရောင် တပ်ထားသည်။
ပြီးတော့ တေဇာ ရှေ့ ခုံ မှာ လာထိုင်တော့ သူ့ ရဲ့ ရှည်သွယ်သွယ် လက်ဖြူဖြူက လက်သည်းအရှည်တွေက သူ့လက်နဲ့ ကြည့်ရမဆိုးဘဲ လိုက်ဖက်နေသည်။

"ကိုတေဇာ ဒါ ကျွန်တော့် တူပါ၊ ဟိတ်ကောင် နှုတ်ဆက်လိုက်လေ"

ပြောတော့ ကောင် လေးက နှုတ်ခမ်း ခပ်ဆူဆူလုပ်ကာ

"ကျွန် တော့် နာမည်က ငွေသော်တာ ပါ။
တွေ့ရတာဝမ်းသာ ပါတယ် 'ဦး' "

ကောင်လေး အခေါ်အဝေါ်ကြောင့် တေဇာ တစ်ချက် ပြုံးကာ

"ကိုယ့် နာမည် တေဇာပါ၊ မင်းကိုယ်နဲ့ စာသင်ရင် အဆင်ပြေ စေဖို့ မျှော်လင့်ပါတယ်"

ပြီးနောက် ကိုမင်းထင်နဲ့ စကားခဏပြောနေလိုက်သည်။ ဟိုကောင်လေးကတော့ ငြိမ်သက်စွာ ထိုင်နေသည်။

"ကို တေဇာ ဒါဆို ဒီကောင်ကို ကျွန်တော် 9နာရီ ေလာက်မှ လာခေါ်မယ်"

Bad Guy (လူဆိုး)Where stories live. Discover now