"ပေးချင်ပေး မပေးချင်နေ။ စိတ်မဝင်စားဘူး။"

သူ့စကားကြောင့် နှင်းစိတ်မကောင်း ဖြစ်သွားလေသည်။ သူက အဝတ်စားလဲပြီး အပြင်ထွက်သွားသည့်အခါ နှင်းမှာ အဝတ်လဲပြီး လိုက်ဖို့ပြင်ပေမဲ့ နှင်းအဝတ်စားတွေက ရေစိုကုန်ပြီဖြစ်သည်။

"အကို...."

နှင်းလှမ်းခေါ်ပေမဲ့ သူက အောက်ထပ်ကို ဆင်းသွားပြီဖြစ်သည်။ နှင်းမှာ သူ့အဝတ်စားတွေ ယူဝတ်ပြီး အောက်ဆင်းခဲ့ရသည်။ ကိုကို့ဆီ ဒီပုံစံကြီးဖြင့် မပြန်ချင်၍ မအေးခိုင်ဆိုသည့် အစ်မကြီးဆီကနေ တောင်းယူမိ၏။

သူက အောက်ထပ်မှာ မိန့်မိန့်ကြီးထိုင်ကာ နှင်းကို စိုက်ကြည့်နေလေသည်။ နှင်း သူ့အင်္ကျီပွပွကြီးနဲ့ မလုံမခြုံဖြစ်နေသည်ကို မှုန်ကုတ်ကုတ်ကြည့်ပြီး ဆံပင်တစ်ချက် သပ်လိုက်၏။

မအေးခိုင်က အဝတ်စားလာပေးသည့်အခါ အထဲဝင်လဲဖို့ ပြင်လိုက်လျှင်....

"မင်း အဲ့ဒါဘာလုပ်ဖို့လဲ"

"အင်္ကျီလဲမို့ အကို"

"မလဲနဲ့"

"ဟင်..."

"ဒီတိုင်းပြန်..."

"အကိုကလည်း ဘယ်လိုလုပ် ဒီတိုင်းပြန်လို့ဖြစ်မှာလဲ။ ကိုကို့ရှေ့ကို ဒီတိုင်းမသွားရဲဘူး။"

"ဒီတိုင်း မသွားရဲရအောင် ဘာဖြစ်နေလို့လဲ။ လင်မယား အတူနေပြီးပြန်လာတာ ဘာရှက်စရာရှိလည်း"

"အကိုနော်...."

"ပြန်...အဲ့ဒီ့အတိုင်း"

"ဟင့်အင်း...မပြန်ဘူး။"

"မပြန်ရင် မပြန်နဲ့...ဒီအိမ်မှာပဲနေလေ..."

"အကို...မယုတ်မာနဲ့နော်။ နေ့လယ်စာ စားချိန်နှင်းပြန်မှ ဖြစ်မှာကို"

"ပြန်ရမယ်ဆို...အဲ့တိုင်းပြန်။"

သူတမင်သက်သက် ညစ်တွန်းတွန်းနေမှန်း သိသည့်အခါ နှင်းငိုချင်လာသည်။ သူ့စိတ်ကြိုက် တစ်မနက်လုံး ပေးနေပြီးတာတောင် အခုပြန်ခါနီး သူက ထပ်တောင်းသည်ကို မပေး၍ တမင်ညစ်နေလေသည်။

"အကို...နှင်းကို မရွဲ့ပါနဲ့နော်။ နှင်း ပြန်မလို့"

"ပြန်လေ...ကျုပ်က တားနေလို့လား။"

You've reached the end of published parts.

⏰ Last updated: Feb 23 ⏰

Add this story to your Library to get notified about new parts!

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now