"အကို ကျွန်တော် သူငယ်ချင်းတွေနဲ့ မတွေ့တာကြာပြီ ‌သွားတွေ့မလို့"

"သွားလေ အကိုလည်းလိုက်မယ်"

ရတု သူငယ်ချင်းများကိုလွမ်းနေသည်မှာအမှန်ပါ။ မတွေ့ရတဲ့ ရက်တွေမှာ အကိုနဲ့အချိန်ကုန်နေခဲ့တာမို့ အရင်ကသွားတူလာတူသူငယ်ချင်းတွေက်ုအားနာမိသည်။ တွေ့ဖို့ သူငယ်ချင်းသုံးျယာက်က ခဏခဏခေါ်သော်လည်း ရတုငြင်းခဲ့တာများသည်။

"ဘာလို့လဲ .... ကျွန်တော့်သူငယ်ချင်းတွေနဲ့ အေးဆေးပြောချင်လို့..."

"ပြောပေါ့ အကိုနဲ့မသိတဲ့သူမပါဘူးလေ"

ထိုအခု ရတုငြင်းမရတော့ပါ ။ အိမ်ထောင်သည်ဖြစ်သွားပြီဆိုသည့်အလျောက် အရင်ကလိုတော့ သူပေါ့ပေါ့ပါးပါးနေလို့မရတော့ဘူးဆိုတာ နားလည်လာသည်။

_____________

"အကိုလည်း ပါလာတာလား...လာ ထိုင်"

"အိုခေ ညီမ..."

သုံးယောက်အပြင်ဝိုင်းထဲက သူစိမ်း‌ေယာကျာ်းနှစ်ယောက်ကလည်း ရှိနေတော့ မော်ကွန်းမျက်နှာ နည်းနည်းတင်းမာသွားသယောင်။ အစတုန်းကတော့ သုံးျယာက်ပဲရှိမည် ထင်ထားပေမယ့် အခု တစ်ခါမျှ မမြင်ဖူးသော သူစိမ်းယောကျာ်းတွေပါ ရှိနေပြီဆိုသည့်အသိက မော်ကွန်းစိတ်‌တို့ကို ရှုပ်ထွေးသွားစေသည်။

"ရတု ပျောက်လှချည်လား ငါ့တို့ကိုတောင်လာမတွေ့ဘူး..."

"အေးဟာ ငါလဲမအားလို့"

"ဒီက နှစ်ယောက်ကငါတို့မေဂျာကလေ နင်သိလားတော့မသိဘူး projectတစ်ခုလုပ်နေတာနဲ့ ဒီအကိုနှစ်‌ေယာက်ကိုပါ ခေါ်လာလိုက်တာ ......"

ရှင်းသန့်က  အရင်ဆုံးမိတ်ဆက်ပေးသည်။ ထို့နောက် ထိုယောကျာ်းနှစ်ယောက်က သူတို့ကိုယ်သူတို့စတင်မိတ်ဆက်လာလေသည်။ မော်ကွန်းရဲ့အကြည့်များက ထိုနှစ်ယောက်ထံတွင်သာ ။

"ညီ့ကို ဟိုတခါပွဲမှာတုန်းကတွေ့တယ်အပြင်မှာ ပိုချောတာပဲ"

"ဗျာ ဟုတ် ကျေးဇူးပါ"

ရတု ‌အကို့မျက်နှာတစ်ချက်ကြည့်လိုက‌်တော့ ပေါက်ကွဲတော့မည့်ဗုံးတစ်ခ
ခုလိုပင်။

"ဟိုဒါက ကျွန်တော့် ချစ်သူပါ အကိုမော်ကွန်းထင်ရှားပါ"

ရတုဘာပြောရမှန်းမသိတာနှင့် အရင်ဆုံးပြန်မိတ်ဆက်လိုက်သည်။ ထိုအခါ အကို့အကြည့်များက သူ့ထံပြန်ရောက်လာလေတော့ ရတု အကြည့်လွှဲလိုက်ပါသည်။

ရတု မိတ်ဆက်ပေးလိုက်တော့ ထိုလူနှစ်ယောက်က မျက်လုံးများပြုံးကျယ်စွာနှင့် ကြောင့်ကြည့်လာတော့သည်။

"အဟမ်း အဟမ်း ဘာစားကျမလဲ မှာလိုက်မယ်"

အခြေအနေကို ရိပ်မိတဲ့ စွမ်းကကြားကနေစကားဖြတ်လိုက်တော့သည်။

"ကြိုက်တာစားကျ အကိုဒကာခံမယ်ဒီည"

စရောက်ကတည်းက တိတ်ဆိတ်နေတဲ့အကိုအသံက အခုမှပဲထွက်လာတော့သည်။

"ကိုယ့်ချစ်သူသူယ်ချင်းတွေဆိုတော့ ကိုယ်ကကျွေးရမှာပေါ့မဟုတ်ဘူးလား...ဟမ်.."

အကို့လက်က ရတုမေးစေးလေးကိုဆွဲကိုင်လိုက်ပြီးပြောလာတော့ ရတုရှက်ရှက်နှင့် အကို့လက်ကိုခါချမိလိုက်သည်။

"ဟောဗျာ ရှက်လို့လား မောင်က ....ဟမ်....ပြွတ်စ်"

ပြုံးစစမျက်နှာဘေးနဲ့ ရတုနှုတ်ခမ်းဖျားဆီကျရောက်လာတဲ့အကို့အနမ်းတွေကြောင့် ဝိုင်းမှာရှိတဲ့လူတွေအကုန်လုံးမျက်လုံးပြူးသွာ‌တော့သည်။ ရတုအကိုတမင်လုပ်နေသည်ဆိုတာကိုပင်သတိထားမိပါသည်။ သို့ပေမယ့် လူအများကြီးရှိတဲ့အလယ်မှာ ဒီလိုမျိုးဆက်ဆံခံရတာကိုသူမကြိုက်ပါ။

မျက်နှာကိုဆွဲယူကာ အတင်းလိုက်နမ်းနေသောအကို့ကြောင့် ရတု လျင်မြန်စွာပဲ ဝိုင်းကနေ ရုတ်ချည်းထလာ၍ ပြေးထွက်လာမိ‌‌ေတာ့သည်။ အကိုဟာ တစ်ခါတစ်လေတော့လဲ အရိုင်းဆန်ပါလား .....။











ရူးWhere stories live. Discover now