လော့ရှန်ဟွာက ဥာဏ်ရည်ထက်မြက်တာကြောင့် အခြားသူတွေ ကောက်ကြံနိုင်တဲ့လုပ်ရပ်တွေကအစ သတိထားပြီးသာနေထိုင်သည်၊လော့ကျန်းပေ့ကလည်း ရုတ်တရက်ကြီး ခရီးသွားရမည့်အလုပ်ကိစ္စပေါ်လာတာကြောင့် လော့ရှန်ဟွာကို လီအိမ်တော်မှာ စိတ်ချလက်ချသာအပ်ထားခဲ့လိုက်သည်၊လော့ရှန်ဟွာ လီအိမ်တော်မှာ စာမေးပွဲဖြေပြီးတဲ့အထိနေမည့်အကြောင်းကို ထန်းဟော်ရှကလည်း သိသွားပြီး သူပါလာနေတော့သည်၊

လီအိမ်တော်က စည်ကားသွားပြီး အဘိုးလီကလည်းပျော်ရွှင်နေတော့သည်၊ဘာလို့လဲဆိုတော့ လီကုန်းရွှေက တည်ငြိမ်ပြီးရင့်ကျက်တဲ့မြေးဖြစ်တာကြောင့် လော့ရှန်ဟွာနဲ့ထန်းဟော်ရှတို့လို ချစ်စရာကောင်းတဲ့မျောက်လောင်းလေးတွေရောက်လာချိန်မှာ အိမ်တော်က ပိုပြီးအသက်ဝင်လာတော့သည်၊

ထိုလိုနဲ့ စာမေးပွဲနောက်ဆုံးရက်မှာတော့ စာမေးပွဲဖြေဆိုပြီးနောက်မှာ ဂျူနီယာကျောင်းဆောင်ထွက်ပေါက်မှာ လော့ကျန်းပေ့က လော့ရှန်ဟွာကို ရပ်ကာစောင့်နေတော့သည်၊

လော့ကျန်းပေ့ကို မမြင်ဖူးတဲ့ကျောင်းသား၊ကျောင်းသူများက လော့ကျန်းပေ့ကို ငေးမောနေပြီး တစ်ချို့ဆိုရင် ရပ်ပြီးတောင်ကြည့်ရင်း ဓာတ်ပုံပင်ရိုက်နေသေးသည်၊ထိုချိန်မှာ လော့ကျန်းပေ့အနီးနားကို ကျောင်းသားတစ်ဦးကရောက်လာတော့သည်၊

"ဒါက စီနီယာကျန်းမလား...အဲ့အစ်ကိုကြီးက စီနီယာကျန်းကို လာကြိုတာများလား" ကျောင်းသူလေးတွေက ခန့်ညားချောမောတဲ့လော့ကျန်းပေ့ကိုကြည့်ရင်း သိမ်မွေ့ပြီးလှပတဲ့ကျန်းလင်းရှကိုတစ်ချက်ကြည့်ပြီး တိုးတိုးပြောနေတော့သည်၊

"ဒါက ဂျူနီယာအတန်းလေ၊ စီနီယာကျန်းကို လာကြိုတယ်လို့ သတ်မှတ်လို့မရပါဘူးနော် " ကျောင်းသားတစ်ဦးက ဝင်ပြောလိုက်တော့ ထိုကျောင်းသူလေးက မျက်နှာရှုံ့မဲ့သွားပြီး ပြန်ခံပြောလိုက်သည်၊

"ဘာပဲဖြစ်ဖြစ် သူတို့ကလိုက်ဖက်တယ်မထင်ဘူးလား"

"မထင်ပါဘူး" ကျောင်းသားက ပခုံးတွန့်ကာပြောလိုက်သည်၊ကျောင်းသူလေးက စိတ်တိုစွာ နှာမှုတ်လိုက်ပြီး ထိုကျောင်းသားနဲ့ဆက်မပြောတော့ပဲ လော့ကျန်းပေ့တို့ကိုသာ ပြန်ကြည့်လိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now