"ငါ့ကို လော့ချင်းဝေ့ပြောပြီးပြီ မင်းက ကိုယ့်သား...ကိုယ့်မွေးစားသားနဲ့ ပြန်တွဲနေတယ်ဆို ဟမ်...လော့အိမ်တော် မျက်နှာကို အိုးမဲသုတ်ချင်တာလား"

"ဟက်... ကျွန်တော့်ဘက်က  ရှန်လေးကို သားအဖြစ်မွေးမယ်ပြောခဲ့တုန်းကလည်း ဦးလေးက အဲစကားပြောခဲ့တယ်သလို ကျွန်တော်လည်း ဘာပြန်ပြောခဲ့လဲ မေ့သွားတာလား"

"မင်းက လော့အိမ်တော်နဲ့ အဆက်အသွယ်ဖြတ်ရဲတယ်ပေါ့"

"လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းက လော့ကျန်းပေ့ဆိုတဲ့ကျွန်တော်က ဘာကောင်မှမဟုတ်ပေမယ့် လက်ရှိအချိန်မှာတော့ မတူတော့ဘူး"

လော့ဖုဘက်က တိတ်ဆိတ်သွားပေမယ့် လော့ကျန်းပေ့ကတော့ ပြောစရာရှိတာဆက်ပြောလိုက်သည်၊

" လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ခင်ဗျားတို့ ဘာပြောခဲ့လဲ မှတ်မိတယ်မလား၊ လော့အိမ်တော်မရှိရင် လော့ကျန်းပေ့ဆိုတဲ့ကောင်က ဘာကောင်မှမဟုတ်ဘူးဆိုတာကိုပေါ့၊အဲတုန်းကလည်း ကျွန်တော် ဘာပြန်ပြောခဲ့လဲ"

"လော့ကျန်းပေ့ဆိုတာ လော့အိမ်တော်ရဲ့အထောက်အပံ့မလိုအပ်ဘူးဆိုတာကို...ဦးလေးလော့ဖု ပြောကြည့်လေ လက်ရှိလော့ကျန်းပေ့က လော့အိမ်တော်ကို လိုအပ်မယ်ထင်နေလား"

လော့ကျန်းပေ့က စကားတွေကို အများကြီးပြောလိုက်သည်၊ဒါက ဟိုးတုန်းကပြောခဲ့ချင်တဲ့စကားတွေဖြစ်သည်၊

လော့ဖုကလည်း လော့ကျန်းပေ့ရဲ့စကားတွေကို နားလည်သည်၊လော့ကျန်းပေ့ရဲ့အဖွဲ့အစည်းက သူတို့လော့အိမ်တော်ထက် ဂုဏ်သတင်း ပိုမိုကျော်ကြားသည်၊သူတို့ကသာ လော့ကျန်းပေ့ကို လိုအပ်ပေမယ့် လော့ကျန်းပေ့က သူတို့ကို မလိုအပ်ပေ၊

"ဒါပေမယ့် မင်းရဲ့ကိုယ်တွင်းမှာစီးဆင်းနေတဲ့သွေးတွေက လော့ဆိုတာ မမေ့နဲ့...ပြီးတော့ ငါ့အစ်မရဲ့ဆန္ဒကို မမေ့နဲ့" လော့ဖုစကားကြောင့် လော့ကျန်းပေ့အကြည့်တွေက နက်မှောင်သွားတော့သည်၊

"မွေးစားအမေကို ခုတုံးမလုပ်နဲ့...ခင်ဗျားတို့လော့အိမ်တော်ကလူတွေက မွေးစားမိခင်အကြောင်း ပြောဖို့တန်တယ်ထင်နေလား "

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now